Top News

ဂျပန်တွင် ရေကြီးမှု၊ မြေပြိုမှုများကြောင့် လူပေါင်းသောင်းချီ ဘေးလွတ်ရာရွှေ့ပြောင်းရန် အာဏာပိုင်များက တိုက်တွန်း
24htopnews | September 22, 2024 11:12 PM CST

ဂျပန်နိုင်ငံ အီရှီကာဝါ စီရင်စုနယ်တွင် မကြုံစဖူး မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် မကြုံစဖူး ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုများဖြစ်ပွားနေသဖြင့် လူပေါင်းသောင်းချီကို ဘေးလွတ်ရာရွှေ့ပြောင်းရန် အာဏာပိုင်များက စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

အီရှီကာဝါစီရင်စုနယ်ရှိ ဒါဇင်နှင့်ချီသည့် မြစ်များသည် မြစ်ကမ်းပါးများကျိုးပေါက်ခဲ့ပြီး လူ သုံးဦးပျောက်ဆုံးနေကြောင်း NHK သတင်းဌာနက ဖော်ပြခဲ့သည်။

ဇွန်လအစောပိုင်းက အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့သည့် ဝါဂျိမမြို့တွင် လူတစ်ဦးပျောက်ဆုံးနေပြီး မြေပြိုမှုများကြောင့် လမ်းများပိတ်ဆို့မှုဖြစ်ပွားနေသည်ဟု ဒေသခံအရာရှိများက ပြောကြားခဲ့သည်။

ဝါဂျိမနှင့် ဆုဇုနှင့် နိုတိုမြို့များတွင် ဒေသခံ ၄၄၇၀၀ ခန့်ကို ဘေးလွတ်ရာရွှေ့ပြောင်းရန် အာဏာပိုင်များက တိုက်တွန်းထားသည်။

ဂျပန်မိုးလေဝသအေဂျင်စီကလည်း အီရှီကာဝါစီရင်စုနယ်တါင် ရေလွှမ်းမိုးမှုနှင့်ပတ်သက်ပြီး အမြင့်ဆုံးအဆင့် သတိပေးချက်ထုတ်ပြန်ထားသည်။

Source: AFP


READ NEXT
Cancel OK