Top News

ရေဘေးအလှူငွေလက်ခံပွဲတွင် ကျပ် ၃၂ ဘီလီယံကျော်ရရှိ
24htopnews | September 22, 2024 12:12 AM CST

နေပြည်တော်၊ မြို့တော်ခန်းမ၌ ယနေ့ စက်တင် ဘာ ၂၁ ရက်မွန်းလွဲပိုင်းကကျင်းပသည့် ရေဘေးသင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အလှူငွေပေးအပ်ပွဲအခမ်းအနားတွင် အလှူငွေကျပ် ၃၂ ဘီလီယံကျော်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်၍ စေတနာရှင်၊အလှူရှင်များကပေးအပ်လှူဒါန်းသော အလှူငွေများကိုလက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်၍ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် တိုင်းနှင့်ပြည်နယ် ၉ ခုရှိ မြို့နယ်(၅၄)မြို့နယ်တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့၍ မြန်မာနိုင်ငံ၏ ၆ ပုံ ၁ ပုံ (၁၆ ရာခိုင်နှုန်း)ခန့်ရေကြီးခဲ့သည်ဟု နစက ဥက္ကဋ္ဌကပြောသည်။

၎င်းက ယနေ့ စက်တင်ဘာ ၂၁ ရက်နံနက်ကရရှိသည့် စာရင်းများအရ လုံးဝပျက်စီးသွားသည့် အဆောက်အဦပေါင်း(၂၁၄၉)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် အဆောက်အဦပေါင်း (၃၄၅၅)လုံး၊ ရေဝင်နစ်မြှုပ်ခဲ့သည့် အဆောက်အဦပေါင်း(၁၃၆၀၂၃)လုံး (စုစုပေါင်း ၁၄၁၆၂၇ လုံး)နှင့်စာသင်ကျောင်းပေါင်း(၅၄၆)ကျောင်း ရေဝင်နစ်မြှုပ်ပျက်စီးခဲ့သည်ဟု ပြောသည်။

ထို့ပြင် လူဦးရေ(၁၄၈၆၄၃)ဦး ရေဘေးသင့်ခဲ့ကာ နေပြည်တော်မှ(၁၆၄)ဦး၊ ကရင်ပြည်နယ်မှ(၅)ဦး၊ ပဲခူးတိုင်းမှ(၂)ဦး၊ မန္တလေးတိုင်းမှ(၁၃၄)ဦး၊ ရှမ်း ပြည်နယ်မှ(၇၈)ဦး၊ ဧရာဝတီတိုင်းမှ(၁)ဦး (စုစု ပေါင်း ၃၈၄ ဦး)‌ေ-သဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ (၈၉)ဦးရှိသည်ဟု ပြောသည်။

ထို့အတူ ဘာသာရေးကျောင်း(၄၃၅)ကျောင်း၊ လမ်းတံတား(၅၃၃)ခုရေမျောပျက်စီး၊ လျှပ်စစ်မီးတိုင် (၂၄၈၉)ခု၊ ဆက်သွယ်ရေးတာဝါတိုင်(၉၉)ခု၊ တိရစ္ဆာန်‌ေ-သဆုံးမှု(၁၄၄၉၉၈)ကောင်ရှိပြီး စပါးစိုက်ဧက(၇၃၅၄၆၁)ဧကပျက်စီးခဲ့သည်ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထိုသို့ ဆုံးရှုံးမှုများရှိခဲ့ကာ အားလုံးအတွက်အ ခက်အခဲများကိုယ်စီဖြစ်ပေါ်လျက်ရှိသည့်အချိန်တွင် အလှူငွေများများစွာထည့်ဝင်ခဲ့ကြသဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် များစွာအထောက်အကူဖြစ်စေမည်ဟု နစက ဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။


READ NEXT
Cancel OK