Top News

ဒညင်းကုန်းဂေါက်ကွင်းအနီးတွင် လမ်းဘေး၌ရပ်ထားသည့် လိုက်ထရပ်ယာဉ်အား ဘိလပ်မြေယာဉ်မှ တိုက်မိသဖြင့် ခြောက်ဦးဒဏ်ရာရရှိ
24htopnews | September 21, 2024 7:12 PM CST

အင်းစိန်မြို့နယ်၊ ဒညင်းကုန်းဂေါက်ကွင်းအနီးတွင် လမ်းဘေး၌ရပ်ထားသည့် လိုက်ထရပ်ယာဉ်အား ဘိလပ်မြေယာဉ်မှ တိုက်မိသဖြင့် ခြောက်ဦးဒဏ်ရာရရှိမှု စက်တင်ဘာ ၂၀ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၀ ရက်၊ ညနေ ၃ နာရီခွဲခန့်တွင် အင်းစိန်မြို့နယ်၊ ဒညင်းကုန်းဂေါက်ကွင်းအနီးတွင်ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းရသဖြင့် ပရဟိတအဖွဲ့များမှ သွားရောက်ခဲ့ကြောင်း သိရသည်။

"လမ်းဘေးမှာ ရပ်ထားတဲ့ လိုက်ထရပ်ကို ဘိလပ်မြေကားက ဝင်တိုက်တယ်လို့ သိရပါတယ်။အမျိုးသားခြောက်ဦးဒဏ်ရာရရှိခဲ့ပါတယ်"ဟု ဖြစ်စဉ်မှ ဒဏ်ရာရရှိသူများအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည့် လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း (We Love Care)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လိုက်ထရပ်ယာဉ်ပေါ်မှ အမျိုးသားခြောက်ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး စိုးရိမ်နာလူနာ မပါရှိကြောင်း သိရသည်။

"အနီရောင်အဆင့်(စိုးရိမ်ရ)လူနာတော့ မရှိပါဘူး။အရိုးကျိုးတဲ့လူနာတော့ ရှိပါတယ်"ဟု လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း (We Love Care)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိခိုက်ဒဏ်ရာရရှိသူများအား လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း (We Love Care)၊ ကနောင်လူမှုကူညီမှုအသင်းနှင့် မာတာလူမှုကူညီမှုအသင်းတို့မှ ယာဉ်များဖြင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

 


READ NEXT
Cancel OK