Top News

■ လီဗာပူးလ်အသင်း၏ ကမ်းလှမ်းမှု ပြန်လည်ရရှိရန် ဇူဘီမန်ဒီ လိုလားနေ     
24htopnews | September 21, 2024 3:12 AM CST

ဆိုစီဒက်အသင်း၏ ကွင်းလယ်ကစားသမား ဇူဘီမန်ဒီသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့၌ လီဗာပူးလ်အသင်း၏ ကမ်းလှမ်းမှု ပြန်လည်ရရှိရန် လိုလားနေကြောင်း သိရသည်။ 

စပိန်ကွင်းလယ်ခံစစ်ကစားသမား ဇူဘီမန်ဒီ(၂၅ နှစ်)သည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလတွင် လီဗာပူးလ်အသင်း၏ အဓိကပစ်မှတ်ကစားသမားဖြစ်ခဲ့ပြီး လီဗာပူးလ်အသင်းဘက်က စာချုပ်လျော်ကြေးပေးချေကာ ခေါ်ယူရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။ 

သို့သော် အသက် (၂၅) နှစ်အရွယ်ရှိ ဇူဘီမန်ဒီသည် ၎င်း၏ငယ်မွေးခြံပေါက်ကလပ် ဆိုစီဒက်အသင်းတွင် ဆက်နေလိုသည်ဟုဆိုကာ လီဗာပူးလ်အသင်းသို့ ပြောင်းရွှေ့ရန် ငြင်းဆန်ခဲ့ကြောင်း သိရှိရသည်။ 

သို့သော် လက်ရှိအချိန်တွင် ဆိုစီဒက်အသင်းမှာ လာလီဂါ၌ ရုန်းကန်နေရသည့်အတွက် ဇူဘီမန်ဒီသည် လီဗာပူးလ်အသင်း၏ ကမ်းလှမ်းမှု ပြန်လည်ရရှိရန် မျှော်လင့်နေခြင်းဖြစ်ကြောင်း သိရသည်။ 

လီဗာပူးလ်အသင်းသည် ဇူဘီမန်ဒီအား ခေါ်ယူနိုင်ခြင်းမရှိသည့်အတွက် အစားထိုး ကွင်းလယ်ခံစစ်ကစားသမား ခေါ်ယူခဲ့ခြင်းမရှိဘဲ ဂရာဗန်ဘတ်ချ်ကို ကွင်းလယ်ခံစစ်ကစားသမားအဖြစ် အသုံးပြုလျက်ရှိရာ အောင်မြင်နေသည်။ 

သို့သော် ဘောလုံးဝေဖန်သူများက လီဗာပူးလ်အသင်းအနေဖြင့် ထိပ်တန်းကွင်းလယ်ခံစစ်ကစားသမားတစ်ဦး ခေါ်ယူရန် လိုအပ်နေဆဲဖြစ်ကြောင်း ထောက်ပြနေကြသည်။ 

ထို့ကြောင့် လီဗာပူးလ်အသင်းသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ဇူဘီမန်ဒီဘက်က လိုလိုလားလားရှိပါက ၎င်းကို ခေါ်ယူရန် ပြန်လည်ကြိုးပမ်းလာဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်နေသည်။ 


READ NEXT
Cancel OK