Top News

■ အလွန်ဆိုနေရာ အစားထိုးရန် ရာအူးလ်ကို လေဗာကူဆင်အသင်း လျာထား     
24htopnews | September 20, 2024 4:12 PM CST

လေဗာကူဆင်အသင်းသည် လက်ရှိနည်းပြ ဇာဘီအလွန်ဆို အသင်းမှထွက်ခွာသွားခဲ့ပါက အစားထိုးရန် ရီးယဲလ်တိုက်စစ်မှူးဟောင်း ရာအူးလ်ကို လျာထားကြောင်း သိရသည်။ 

အလွန်ဆိုသည် လေဗာကူဆင်အသင်းကို ဘွန်ဒစ်လီဂါချန်ပီယံဆု ရယူပေးနိုင်ခဲ့သူဖြစ်ပြီး ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသည်။ 

သို့သော် ဥရောပတွင် နာမည်ရလာသည့် အလွန်ဆိုအား ၎င်း၏ကစားသမားဘဝအသင်းဟောင်းများဖြစ်သည့် ရီးယဲလ်၊ လီဗာပူးလ်နှင့် ဘိုင်ယန်မြူးနစ်အသင်းများက ခေါ်ယူရန် စိတ်ဝင်စားနေကြကြောင်း သိရှိရသည်။ 

ထို့ပြင် အလွန်ဆိုအနေဖြင့်လည်း လီဗာပူးလ် သို့မဟုတ် ရီးယဲလ်အသင်းထံ အချိန်မရွေးပြောင်းရွှေ့သွားနိုင်ကြောင်း ထင်ကြေးပေးခံထားရသည်။ 

ထို့ကြောင့် လေဗာကူဆင်အသင်းက ၎င်းနေရာ အစားထိုးရန် နည်းပြသစ်အဖြစ် ရာအူးလ်ကို လျာထားခြင်းဖြစ်ကြောင်း သိရသည်။

ရီးယဲလ်မက်ဒရစ်နှင့် စပိန်ဂန္ထဝင် ရာအူးလ်သည် လက်ရှိတွင် ရီးယဲလ်အကယ်ဒမီအသင်းကို ကိုင်တွယ်နေပြီး အနာဂတ်တွင် ရီးယဲလ်အသင်းနည်းပြဖြစ်လာနိုင်သူဟု သုံးသပ်ခံနေရသည်။ 


READ NEXT
Cancel OK