Top News

တောင်တရုတ်ပင်လယ်တွင်  ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်းသည် ယနေ့မွန်းလွဲပိုင်းမှစတင်၍ ဗီယက်နမ် ကွမ်ထရီပြည်နယ်မှ ကွမ်နမ်ပြည်နယ်သို့ ဝင်ရောက်တိုက်ခတ်မည်
24htopnews | September 20, 2024 6:12 PM CST

တောင်တရုတ်ပင်လယ်တွင်  ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်းသည် ယနေ့မွန်းလွဲပိုင်းမှစတင်၍ ဗီယက်နမ် ကွမ်ထရီပြည်နယ်မှ ကွမ်နမ်ပြည်နယ်သို့ ဝင်ရောက်တိုက်ခတ်မည်

တောင်တရုတ်ပင်လယ်တွင်  ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်းသည် ယနေ့(စက်တင်ဘာ ၁၉ ရက် ) မွန်းလွဲပိုင်းမှစတင်၍ ဗီယက်နမ် ကွမ်ထရီပြည်နယ်မှ ကွမ်နမ်ပြည်နယ်သို့ ဝင်ရောက်တိုက်ခတ်မည်ဖြစ်ကြောင်း ဗီယက်နမ်မိုးလေဝသအေဂျင်စီက ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာ ၁၉ ရက် နှောင်းပိုင်းတွင် ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကို အပူပိုင်းမုန် တိုင်းတစ်ခုဝင်ရောက်တိုက်ခတ်မည်ဖြစ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေလွှမ်းမိုးမှုများ ဖြစ်ပွားလာနိုင်ကြောင်း ဗီယက်နမ်မိုးလေဝသအေဂျင်စီက ထုတ်ပြန်ခဲ့သည်။

ဗီယက်နမ်နိုင်ငံမြောက်ပိုင်းဒေသများတွင် အင်အားပြင်း တိုင်ဖွန်းရာဂိဝင်ရောက် တိုက်ခတ်ခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာပင် နောက်ထပ်မုန်တိုင်းတစ်ခု ဝင်ရောက်လာ မည့်အရေးနှင့် ရင်ဆိုင်နေရသည်။

မုန်တိုင်းနံပါတ် ၄ အဖြစ် ဗီယက်နမ်တွင် လူသိများသည် ထိုမုန်တိုင်းသည် စက်တင် ဘာ ၁၉ ရက်မွန်းလွဲပိုင်းတွင် ကွမ်ထရီပြည် နယ်မှ ကွမ်နမ်ပြည်နယ်သို့ တစ်နာရီလျှင် လေတိုက်နှုန်း ၁၀၂ ကီလိုမီတာ (၆၃ မိုင်) ဖြင့် ဝင်ရောက်လိမ့်မည်ဟု မိုးလေဝသအေဂျင်စီက ထုတ်ပြန်ခဲ့သည်။

ထိုမုန်တိုင်းကြောင့် စက်တင်ဘာ ၁၉  ရက် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီမှ ည ၁၀ နာရီအတွင်း တောင်ဟွိုင်းလေဆိပ်ကို ပိတ်ထားရလိမ့်မည်ဖြစ်ကြောင်း ဗီယက်နမ်ပြည်သူ့လေကြောင်းအာဏာပိုင်အဖွဲ့က ပြောကြားခဲ့သည်။

ဗီယက်နမ်တွင် ပြီးခဲ့သည့် သီတင်းနှစ် ပတ်အတွင်းက အင်အားပြင်းတိုင်ဖွန်းရာဂိ တိုက်ခတ်မှုကြောင့် လူ ၂၀၉ ဦးသေဆုံးခဲ့ကာ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ၁ ဒသမ ၆ ဘီလျံ ရှိခဲ့ သည်။

Ref; Reuters


READ NEXT
Cancel OK