Top News

■ အမေရိကန်အသင်း၏ ကမ္ဘာ့ဖလားပစ်မှတ်ကို နည်းပြသစ် ပိုချက်တီနို ဖွင့်ဟပြောကြား     
24htopnews | September 20, 2024 4:12 PM CST

အမေရိကန်လက်ရွေးစင်အသင်း၏နည်းပြသစ် ပိုချက်တီနိုက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရည်မှန်းထားသည့်ပစ်မှတ်ကို ဖွင့်ဟပြောကြားခဲ့သည်။ 

ပိုချက်တီနိုသည် အမေရိကန်လက်ရွေးစင်အသင်းနည်းပြအဖြစ် ခန့်အပ်ခံရပြီးနောက် ကမ္ဘာ့ဖလားချန်ပီယံဆုရယူရန် ပစ်မှတ်ထားနေသည်ဟု သတင်းထွက်ပေါ်နေသည်။ 

သို့သော် ပိုချက်တီနိုက​အမေရိကန်အသင်းအနေဖြင့် လာမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်  ကွာတားဖိုင်နယ်ရောက်ရှိရန်သာ ပစ်မှတ်ထားကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ပိုချက်တီနိုသည် အမေရိကန်လက်ရွေးစင်အသင်းနည်းပြအဖြစ် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးအထိ ခန့်အပ်ခံထားရသူဖြစ်သည်။ 

အမေရိကန်နိုင်ငံသည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကနေဒါ၊ မက္ကဆီကိုနိုင်ငံတို့နှင့်အတူ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရထားပြီး အောင်မြင်မှုရရန် မျှော်လင့်နေကြောင်း သိရသည်။ 

အမေရိကန်အသင်းသည် ကမ္ဘာ့ဖလားပြိုင်ပဲဲွ စတင်ကျင်းပသည့် ၁၉၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တတိယရဖူးခြင်းမှာ အသင်းသမိုင်းတွင် အအောင်မြင်ဆုံးဖြစ်ပြီး ယင်းနောက် ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် ရှုံးထွက် (၁၆) သင်းအဆင့်သာ ၎င်းတို့အတွက် အမြင့်ဆုံးဖြစ်ခဲ့သည်။ 


READ NEXT
Cancel OK