Top News

■ ဂါဘရီယဲလ်ကို သက်တမ်းတိုးရန် အာဆင်နယ်အသင်း စီစဉ်နေ
24htopnews | September 20, 2024 4:12 PM CST

အာဆင်နယ်အသင်းသည် ဘရာဇီးလ်နောက်ခံလူ ဂါဘရီယဲလ်ကို သက် တမ်းတိုးစာချုပ် ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။ 

အသက် (၂၆) နှစ်အရွယ်ရှိ ဂါဘရီရယ်လ်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကမှ အာဆင်နယ်အသင်းနှင့် ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားသူဖြစ်သည်။ 

သို့သော် လက်ရှိအချိန်တွင် ခြေစွမ်းပြနေသည့် ဂါဘရီရယ်လ်အား ထိပ်သီးပြိုင်ဘက်များက ခေါ်ယူရန် ကြိုပမ်းနေကြကြောင်း သိရှိရသည်။ 

ထို့ကြောင့် အာဆင်နယ်အသင်းက ဂါဘရီရယ်လ်အား လစာနှုန်းထားအသစ်ဖြင့် စာချုပ်သစ်ပြင်ဆင်ချုပ်ဆိုရန်အတွက် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် မန်ယူနောက်ခံလူဟောင်း ရီယိုဖာဒီနန်က ဆာလီဘာနှင့် ဂါဘရီရယ်လ် ခံစစ်အတွဲသည် လက်ရှိ ဥရောပတွင် အကောင်းဆုံးခံစစ်အတွဲဖြစ်ကြောင်း ချီးကျူးထားသည်။ 

ဂါဘရီရယ်လ်သည် ၂၀၂၀ နွေရာသီတွင် လိုင်လီအသင်းမှ အာဆင်နယ်အသင်းထံသို့ Add-ons ကြေးများအပါအဝင် ပေါင် (၂၇) သန်းဖြင့် ခေါ်ယူခဲ့သည်။ 

၎င်းသည် အာဆင်နယ်အသင်းအတွက် (၄) ရာသီကျော်ကာလအတွင်း ပြိုင်ပွဲစုံ (၁၇၁) ပွဲတွင် (၁၅) ဂိုး သွင်းယူထားပြီး အသင်းနှင့်အတူ ကွန်မြူနတီဒိုင်း ရရှိထားသည်။ 


READ NEXT
Cancel OK