Top News

■ ဘွန်ဒစ်လီဂါပွဲစဉ် (၄) ပွဲကြိုသုံးသပ်ချက် 
24htopnews | September 21, 2024 10:12 AM CST

ဟိုင်းဟိုင် - ဖရိုင်းဘတ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၁ ရက် ည ၈:၀၀ နာရီ)

ဟိုင်းဟိုင်အသင်း ဒေါ့မွန်ကို အရေးနိမ့်ပြီး ရှုံးပွဲစတွေ့သွားပေမဲ့ လျှော့တွက်လို့မရသေးဘူး။ ဟိုင်းဟိုင်တို့ ဒီပွဲမှာ အမှတ်ပြန်ယူလိမ့်မယ်။



၀ါဒါဘရီမင် - ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၁ ရက် ည ၈:၀၀ နာရီ)

၀ါဒါဘရီမင်အသင်းကွင်းမှာ ဘိုင်ယန်မြူးနစ်က နောက်ဆုံး(၁၆)ပွဲဆက်တိုက် အနိုင်ကစားထားတယ်။ လက်ရှိ ဂိုးမြူးနေတဲ့ ဟာရီကိန်းတို့ရဲ့ ဘိုင်ယန်တိုက်စစ်ပိုင်းကလည်း ၀ါဒါဘရီမင်ကို ဖိအားပေးနိုင်ဖို့ မခက်လောက်ဘူး။ ၀ါဒါဘရီမင်အသင်းကတော့ ဒီရာသီမှာ ရှုံးပွဲမရှိအောင် ကစားထားနိုင်သေးတယ်။ Rhythm မိနေပြီး ယုံကြည်မှုလည်းမြင့်နေတဲ့ ဘိုင်ယန်ကိုပဲ ဆက်ရွေးထားချင်တယ်။



အူန်ယွန်းဘာလင် - ဟော်ဖန်ဟင်မ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၁ ရက် ည ၈:၀၀ နာရီ)

ဟော်ဖန်ဟင်မ်အသင်း နှစ်ပွဲဆက် အရေးနိမ့်ထားပေမဲ့ ကစားသမားပိုင်းက အူန်ယွန်းဘာလင်နဲ့ မကွာပါဘူး။ ဟော်ဖန်ဟင်မ် မရှုံးလောက်ဘူး။



ဘိုဟုမ် - ဟော်စတိုင်ကီလ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၁ ရက် ည ၈:၀၀ နာရီ)

ရာသီအဖွင့် (၃)ပွဲစလုံး အရေးနိမ့်ထားတဲ့ အသင်းနှစ်သင်းတွေ့ဆုံမှုက စိတ်ဝင်စားစရာကောင်းနေတယ်။ သမ္ဘာအရ ဘိုဟုမ်ပဲ နိုင်မယ်ထင်တယ်။



ဖရန့်ဖတ် - မိုချန်ဂလာဘတ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၁ ရက် ည ၁၁:၀၀ နာရီ)

ဖရန့်ဖတ်အသင်းက အဖွင့်ပွဲမှာ ဒေါ့မွန်ကို အရေးနိမ့်ပြီး နှစ်ပွဲဆက် အနိုင်ရထားတယ်။ ဒီပွဲလည်း ဖရန့်ဖတ်အသင်း နိုင်ပွဲဆက်ဖို့များတယ်။


READ NEXT
Cancel OK