Top News

■ ယူရိုသန်း(၁၀၀)ရပါက ဂျိုကာရက်စ်ကို ဇန်နဝါရီတွင် စပို့တင်းလစ္စဘွန်း ရောင်းထုတ်မည်     
24htopnews | September 20, 2024 4:12 PM CST

စပို့တင်းလစ္စဘွန်းအသင်းသည် ထိပ်သီးအသင်းများစွာ ခေါ်ယူရန် စိတ်ဝင်စားနေသော ဆွီဒင်တိုက်စစ်မှူး ဂျိုကာရက်စ်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း(၁၀၀)ရပါက လာမည့် ဇန်နဝါရီအပြောင်းအရွှေ့တွင် ရောင်းထုတ်ရန် စီစဉ်ထားကြောင်း သိရသည်။ 

အသက် (၂၆) နှစ်အရွယ်ရှိ ဂျိုကာရက်စ်သည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီက စပို့တင်းလစ္စဘွန်းအတွက် ပြိုင်ပွဲစုံ ပွဲ (၅၀) ပွဲတွင် (၄၃) ဂိုးသွင်းယူပြီးနောက် ဥရောပတွင် ထွန်းတောက်လာခဲ့သူဖြစ်သည်။ 

ထို့ကြောင့် ၎င်းကို ခေါ်ယူရန် ဘာစီလိုနာနှင့် အာဆင်နယ်အပါအဝင် ဥရောပထိပ်သီးအသင်းများစွာက စိတ်ဝင်စားနေကြကြောင်း သိရှိရသည်။ 

စပို့တင်းလစ္စဘွန်းအသင်းသည် အသင်းနှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသည့် ဂျိုကာရက်စ်အား ယူရိုသန်း(၁၀၀)တန် လျော်ကြေးစာချုပ် ချုပ်ဆိုထားကြောင်း သိရသည်။ 

စပို့တင်းလစ္စဘွန်းအသင်းက ၎င်းအတွက် ပြောင်းရွှေ့ကြေးကို လျှော့ချပေးလိုခြင်းမရှိသည့်အတွက် ယူရိုသန်း(၁၀၀)ရရှိမှသာ ရောင်းထုတ်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ဂျိုကာရက်စ်သည် ယခုရာသီတွင်လည်း စပို့တင်းလစ္စဘွန်းအသင်းအတွက် ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ (၇) ပွဲတွင် (၉) ဂိုးအထိ သွင်းယူထားသည်။ 

ဂျိုကာရက်စ်က ၎င်းအနေဖြင့် စပို့တင်းလစ္စဘွန်းအသင်း၌ ပျော်ရွှင်နေသော်လည်း ဥရောပထိပ်တန်းလိဂ်များတွင် ကစားလိုကြောင်း ဝန်ခံထားသည်။ 


READ NEXT
Cancel OK