Top News

မုဒုံမြို့နယ် ကမာဝက်မြို့ စိန်တောင်ရပ်ကွက်နေ အမျိုးသားတစ်ဦး ၎င်း၏ လယ်စောင့်တဲအတွင်း သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံး
24htopnews | September 20, 2024 4:12 PM CST

မုဒုံမြို့နယ် ကမာဝက်မြို့၊ စိန်တောင်ရပ်ကွက်နေ အမျိုးသားတစ်ဦးမှာ စက်တင်ဘာ ၁၈ ရက် နံနက်အစောပိုင်းက ၎င်း၏လယ်စောင့်တဲအတွင်း သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့ကြောင်း ဒေသခံ များ၏ ပြောကြားချက်များအရ သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သူမှာ ကမာဝက်မြို့၊ စိန်တောင်ရပ်ကွက်နေ အသက် (၄၃) နှစ်အရွယ် နိုင်ကျော်နိုင် (ခ) အပစ် ဆိုသူဖြစ်ကြောင်း နှင့် စက်တင်ဘာ ၁၈ ရက် နံနက် ၄ နာရီခန့်က ကမာဝက်မြို့၊ ဂုံညှင်းတန်းရပ်ကွက်၊ ကမာဝက်ချောင်းအနီး ရှိ လယ်စောင့်တဲအတွင်း ၎င်း၏ ဇနီးဖြစ်သူ နှင့် သမီးဖြစ်သူတို့နှင့်အတူ အိပ်ပျော်နေစဉ် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “လက်နက်ကိုင် အဖွဲ့က လယ်စောင့်တဲ့ပေါ်အထိတက်လာပြီးတော့ နိုင်ကျော်နိုင်ကို လက်နက်ငယ်နဲ့ ပစ်ခတ်  သွားတာလို့ သိရတယ်။ အဲဒီအချိန် လယ်စောင့်တဲ့ပေါ်မှာ သူ့ဇနီးဖြစ်သူနဲ့ သမီးဖြစ် သူလည်းရှိနေတယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။

သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည့် နိုင်ကျော်နိုင် (ခ) အပစ်တွင် ဦးခေါင်းနောက်စေ့၌ ကျည်ဖောက်ဝင်ဒဏ်ရာနှင့် နောက်ကျော၌ ကျည်ဖောက်ဝင်ဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်ပွားရာ လယ်စောင့်တဲပေါ်မှာပင် သေဆုံး ခဲ့ရခြင်းဖြစ်ကြောင်း ၎င်းဒေသခံက ဆိုသည်။

နိုင်ကျော်နိုင် (ခ) အပစ် အား မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ မည်သည့်အ ကြောင်းကြောင့်ပစ်ခတ်သတ်ဖြတ်သွား သည် ကို မသိရသေးပေ။ ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်နေ့ ညပိုင်းကလည်း မုဒုံမြို့နယ် နှီး ပဒေါကျေးရွာမှ ပြည်သူ့စစ်ခေါင်းဆောင် ဖြစ်သူ ဦးအောင်မင်းနိုင်နှင့် ၎င်းင်းတို့ သားဖြစ် သူ မောင်သူရအောင်တို့ နှစ်ဦးကိုလည်း အ မည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ၎င်းင်း တို့၏နေအိမ်တွင် သေနတ်ဖြင့် လာရောက် ပစ်ခတ်သွားသည့် အတွက် သေဆုံးခဲ့ကြ ကြောင်း ဒေသခံများထံမှ သိရသည်။


READ NEXT
Cancel OK