Top News

ပြည်ပပြိုင်ပွဲ ယှဉ်ပြိုင်ရန် ပဏာမ မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း စခန်းဝင်လေ့ကျင့်မှုစတင်
24htopnews | September 20, 2024 12:12 AM CST

ပဏာမ မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းသည် အာဆီယံဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ယနေ့ စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းက စခန်းဝင်လေ့ကျင့်မှုကို စတင်ပြုလုပ်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဖူဆယ်အဖွဲ့ချုပ်ထံမှ သိရသည်။

ပဏာမ မြန်မာ့လက်ရွေးစင်အမျိုးသားဖူဆယ်အသင်းကို နည်းပြချုပ်အဖြစ် ထိုင်းနိုင်ငံသား Mr. Bunlert Cheowarang က တာဝန်ယူလျက်ရှိပြီး လက်ရှိအချိန်တွင် ကစားသမား ၂၇ ဦးဖြင့် ဖွဲ့စည်းကာ သုဝဏ္ဏကွင်းအတွင်းရှိ လက်ရွေးစင်ကစားသမားများအဆောင်တွင် နေထိုင်ပြီး MFF Futsal Stadium ၌တစ်ရက်လျှင် လေ့ကျင့်ချိန် ၂ ကြိမ်နှုန်းဖြင့် စခန်းဝင်လေ့ကျင့်မည် ဖြစ်သည်။

အဆိုပါ ပဏာမ မြန်မာ့လက်ရွေးစင်အမျိုးသားဖူဆယ်အသင်းကို နည်းပြချုပ်က ကျင်းပပြီးစီးခဲ့သော ပြည်နယ်နှင့် တိုင်းဖူဆယ်ပြိုင်ပွဲများ၊ Max Energy Futsal Amateur Cup 2024, AYA Pay Futsal Championship 2024 ပြိုင်ပွဲများကို လိုက်လံကြည့်ရှုကာ ကစားသမားများကို ‌ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရသည်။

မြန်မာ့လက်ရွေးစင်အမျိုးသားဖူဆယ်အသင်းအနေဖြင့် နိုဝင်ဘာလအတွင်းကျင်းပမည့် အာဆီယံဖူဆယ် ချန်ပီယံရှစ် ပြိုင်ပွဲကို ထိုင်းနိုင်ငံတွင် သွားရောက်ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK