Top News

ပွဲများခြင်းအတွက် ရိုဒရီ၏ ဝေဖန်မှုကို ထောက်ခံသည်ဟု ခွန်ဒဲ ပြောကြား
24htopnews | September 20, 2024 6:12 AM CST

ဘာစီလိုနာအသင်း၏ နောက်ခံလူ ခွန်ဒဲက ပွဲအရေအတွက် များပြားလာခြင်းအတွက် မန်စီးတီးကွင်းလယ်ကစားသမား ရိုဒရီ၏ ဝေဖန်မှုကို မိမိ ထောက်ခံသည်ဟု ပြောကြားခဲ့သည်။

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်းအရေအတွက် တိုးမြှင့်ကျင်းပမည် ဖြစ်သလို၊ ချန်ပီယံလိဂ်ပြိုင်ပွဲကိုလည်း အသင်းအရေအတွက်နှင့် ပွဲအရေအတွက် တိုးမြှင့်ကျင်းပလျက်ရှိသည်။

ထို့ကြောင့် မန်စီးတီးအသင်းမှ စပိန်ကွင်းလယ်ကစားသမား ရိုဒရီက ထိပ်တန်းကစားသမားများအနေဖြင့် ကျပ်တည်းလွန်းသည့် ပွဲစဉ်ဇယားကြောင့် ဆန္ဒပြရန် စဉ်းစားနေကြောင်း ပြောကြားခဲ့သည်။

ယခုအခါ ခွန်ဒဲကလည်း ရိုဒရီ၏ ဝေဖန်မှုကို ထောက်ခံကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

''ဒီရာသီ ပွဲစဉ်ဇယားနဲ့ ပတ်သက်ပြီး ရိုဒရီ ပြောတာကို ကျွန်တော် သဘောတူပါတယ်။ ဒီအကြောင်းကို ကျွန်တော်တို့ ပြီးခဲ့တဲ့ (၃၊ ၄)နှစ်ကတည်းက ပြောခဲ့တာပါ။ ပွဲအရေအတွက် များပြားတာက ဒဏ်ရာပြ ဿနာတွေ များပြားလာစေပါတယ်။ ကလပ်ကမ္ဘာ့ဖလားပုံစံသစ်ဟာ ရူးသွပ်မှုပါပဲ။ တစ်နှစ်ပြီးတစ်နှစ် ကျွန်တော်တို့ရဲ့ အနားယူချိန်ဟာ လျော့နည်းလာပါတယ်'' ဟု ခွန်ဒဲက ပြောကြားခဲ့သည်။


READ NEXT
Cancel OK