Top News

၂၀၁၉ ခုနှစ်တွင် လူကြိုက်များသည့် အလည်အပတ် နေရာအဖြစ် နယူးဇီလန်နှင့် မြန်မာ ဖော်ပြခံရ
24htopnews | September 19, 2024 11:12 PM CST

၂၀၁၉ ခုနှစ်တွင် လူကြိုက်များသည့် အလည်အပတ် နေရာအဖြစ် နယူးဇီလန်နိုင်ငံ၏ Oak Land၊ မြန်မာနိုင်ငံ၏ ရန်ကုန်မြို့နှင့် စပိန်၏ ဘာစီလိုနာတို့ ရပ်တည်နေကြောင်း ကိုရီးယားနိုင်ငံရှိ Tmon Website တွင် ဖော်ပြထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၁၁ ရက်က ဖော်ပြထားသည်။

Tmon Website မှ ယခုနှစ်ကုန်နှင့် နောက်နှစ်နှစ်ဦးပိုင်း (ဇန်နဝါရီမှ ဇွန်) အထိ ငါးသိန်းရှစ်သောင်းခန့်ရှိသော လေယာဉ်လက်မှတ် ကြိုတင်ဝယ်ယူမှုများကို လေ့လာဆန်းစစ်ရာ လူကြိုက်အများဆုံး အလည်အပတ်အဖြစ် ရပ်တည်နေပြီး Tmon Tour ၏ လေယာဉ်လက်မှတ် ဝယ်ယူသည့် မှတ်တမ်းအရ မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ပျမ်းမျှနေထိုင်ခွင့် ကာလသည် ၂၈ ရက်ဖြစ်ကြောင်း Tmon Website တွင် ဖော်ပြထားသည်။

၂၀၁၉ တွင် လူကြိုက်များသည့် အလည်အပတ် နေရာအဖြစ် နယူးဇီလန်၊ မြန်မာနှင့် စပိန်တို့ ရပ်တည်နေပြီး နံပါတ်လေး နေရာတွင် အမေရိကန်နှင့် နံပါတ်ငါးနေရာတွင် ထိုင်းမှ ရပ်တည်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

 


READ NEXT
Cancel OK