Top News

အရှေ့တောင်အာရှတွင် ပထမဆုံးအနေဖြင့် မြေအောက်မှ အပူစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းကို ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုတွင် ကနဦး စမ်းသပ်ဆောင်ရွက်မည်
24htopnews | September 19, 2024 11:12 PM CST

အရှေ့တောင်အာရှတွင် ပထမဆုံး အနေဖြင့် မြေအောက်မှ အပူစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း နည်းစနစ်ကို ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုတွင် ကနဦး စမ်းသပ်ဆောင်ရွက်တော့မည် ဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ထံမှ ဇန်နဝါရီ ၁၀ ရက်တွင် သတင်းရရှိသည်။

အဆိုပါ မြေအောက်မှ အပူစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် နည်းစနစ်ကို ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲခရိုင် နောင်ချိုမြို့နယ် အုံမခါးကျေးရွာတွင် ပထမဆုံးစတင်၍ ကနဦးဆောင်ရွက်နိုင်ရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် ပြင်ဦးလွင် ကုမ္ပဏီနှင့် KKL ကုမ္ပဏီတို့ ပူးပေါင်းကုမ္ပဏီ လီမိတက်တို့ ဇန်နဝါရီ ၁၀ ရက်တွင် သဘောတူ စာချွန်လွှာလက်မှတ် ရေးထိုးနိုင်ခဲ့သည်။

အဆိုပါ စက်ရုံကို နယ်သာလန် အခြေ စိုက်ကုမ္ပဏီနှင့် ပူးပေါင်းထုတ်လုပ်မည်ဖြစ် ကာ ရင်းနှီးမြှုပ်နှံမှု ပမာဏ ၇၅ သန်းရှိပြီး နှစ်နှစ်အတွင်း စက်လည်ပတ်နိုင်ရန် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ လျှပ်စစ် စက်ရုံမှ ၃၀ မဂ္ဂါဝပ် ထွက်ရှိမည်ဖြစ်ကာ နောင်ချိုမြို့နယ် အနီးတစ်ဝိုက်ရှိ ကျေးရွာ ပေါင်း ၉၀ ကျော်ကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည် ဖြစ်ကြောင်း၊ နှစ်ပေါင်း ၃၅၀၀ တိုင်အောင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ကြောင်း သိရသည်။

“ပြောရမယ်ဆိုရင် ဒါအကောင်အထည်ဖော်တာ အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံဟာ ပထမဆုံးလုပ်တဲ့ အပူစွမ်းအင်သုံးတဲ့ လျှပ်စစ်စွမ်းအင်စက်ရုံ တစ်ခုဖြစ်လာမယ်။ စက်ရုံအနေနဲ့ ပြောရရင် နယ်သာလန် ကုမ္ပဏီနဲ့ ပူးပေါင်းပြီး ထုတ်လုပ်မယ်။ ရင်းနှီးမြှုပ်နှံမှုက ဒေါ်လာ ၇၅ သန်းခန့်လို့ သုံးသပ်တယ်။ နောက်နှစ်နှစ်ဝန်းကျင် လောက်ဆိုရင် စက်ရုံလည်ပတ်ပြီး မီးထွက်မယ်လို့ ပြောလို့ရတယ်။ အမြန်ဆုံး အကောင်အထည် ဖော်ဖို့ပေါ့။ မြန်မာလိုပြောရင် မြေအောက် ဘူမိဗေဓ အပူစွမ်းအားပေါ့။ မြေအောက်မှာရှိတဲ့ အပူစွမ်းအား ကို ထုတ်ပြီးတော့ စက်လည်မယ်။ အနည်းဆုံး ၃၀ မီဂါဝပ်ပေါ့။ ပတ်ဝန်းကျင်မှာရှိတဲ့ ခွဲရုံတွေကို ဓာတ်အားဖြန့်ဖြူးပေးမယ် ပြောတယ်။ ဒီနေ့ MoU ထိုးရခြင်း အကြောင်းရင်းကလည်း မီးအမြန်ရရှိရေးအစိုးရရဲ့စီမံချက်အတိုင်း ကျေးရွာမီးလင်းရေးကို အဓိကတွန်းအားပေး တဲ့အနေနဲ့ အမြန်ဆုံးအကောင်အထည် ဖော်တာပေါ့။ စက်ရုံကောင်းကျိုးက ပတ်ဝန်းကျင် ညစ်ညမ်းမှု လုံးဝမရှိဘူး။ ကာဗွန်ထုတ်လုပ်မှု မရှိဘူး။ ရှမ်းပြည်နယ်မှာတော့ လျှပ်စစ်က ၄၀ ရာခိုင်နှုန်းတော့ တိုးတက်လာတာပေါ့။ ရှမ်းပြည်နယ်မှာတော့ အရမ်းကျယ်တော့ တစ်နေရာနဲ့ တစ်နေရာသွားဖို့ မိုင်ကလည်း မနည်းဘူး။ ဒီနေရာမှာ အစိုးရရဲ့ လျှပ်စစ်နဲ့ သွားဖို့ အင်မတန် ခက်တယ်။ ကုန်ကျတဲ့ဘတ် ဂျက်နဲ့ ထွက်ရှိလို့ရမှာက မကာမိဘူး။ အသေးစား၊ အလတ်စားကို ရှမ်းပြည်နယ် အစိုးရရဲ့ အစီအစဉ်နဲ့ တတ်နိုင်သလောက် ထုတ်လုပ်နိုင်မယ့် နေရာတွေမှာ ထုတ်နေတာပေါ့။ အခုလည်း ကက်ဘိနက်မှာ ဆုံးဖြတ်ထားတယ်။ ဟိုမိန်းဒေသပေါ့။ အရင်အစိုးရ လက်ထက်က မီးလင်းရေးတွေ လုပ်ထားပေးတယ်။ ဒါပေမဲ့ နှစ်ပေါင်းကြာလာတော့ စက်က ပျက်သွားတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေကလည်း ခဏခဏမေးတယ်။ ကုန်ကျစရိတ်ကလည်း များတော့သွားလာဖို့ကလည်း သံလွင်မြစ်ကို ဖြတ်ရတော့ စိတ်ကူးမိတယ်။ သတင်းစာထဲမှာ ထည့်မယ်။ စိတ်ဝင်စားတဲ့ ပြည်တွင်း လုပ်ငန်းရှင်တွေ၊ ဘယ်သူမဆိုပေါ့။ စိတ်ဝင်စားရင် ကျွန်တော်တို့ဆီ ပရိုပိုဇယ် လာတင်ပေးဖို့ပေါ့။ မကြာခင် သတင်းစာထဲ ခေါ်ယူဆောင်ရွက်သွားမယ်လို့ စီမံချက်ဆွဲထားတယ်” ဟု ရှမ်းပြည်နယ် လျှပ်စစ်စွမ်းအင်နှင့်  စက်မှုဝန်ကြီး ဦးစိုင်းရှဲန် တစ်လုံက ပြောကြားသည်။

အဆိုပါ မြေအောက် အပူစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူခြင်းသည် စျေးအနည်းဆုံးဖြစ်ပြီး ပြည်ထောင်စုအစိုးရ ဓာတ်အားလိုင်းထဲ သွင်းလျှင် ၆၅ ကျပ် သတ်မှတ်ပြီး ပြည်ထောင်စုအစိုးရ သတ်မှတ်ထားသော စျေးနှုန်းအတိုင်း သွင်းရမည်ဖြစ်ကြောင်း၊ ဦးစိုင်းရှဲန်တစ်လုံက ပြောကြားသည်။

ရှမ်းပြည်နယ်တွင် ၃၄ ရာခိုင်နှုန်းခန့် လျှပ်စစ်ဓာတ်အားရရှိသုံးစွဲနိုင်ပြီဖြစ်ကာ ရှမ်း ပြည်နယ်တွင်း မီးမလင်းနိုင်သေးသော ကျေး ရွာများအတွက် စီမံကိန်းလျာထားချက်များ ဆောင်ရွက်လျက်ရှိပါကြောင်း ရှမ်းပြည်နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းက မေ ၂၅ ရက်တွင် ပြုလုပ်ခဲ့သော ရှမ်းပြည်နယ် အစိုးရအဖွဲ့ဒုတိယသက်တမ်း သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ရှမ်းပြည်နယ်တွင် ကျေးရွာပေါင်း ၁၂၁၇၆ ရှိရာ လက်ရှိတွင် ဓာတ်အားစနစ်မှ ၁၅၁၂ ရွာ၊ အခြားစနစ်ဖြင့် ၂၆၇၃ ရွာ၊ စုစုပေါင်း ၄၁၈၅ ရွာ၊ ၃၄ ဒသမ ၃၇ ရာခိုင်နှုန်းခန့် ဓာတ်အားသုံးစွဲနိုင်ပြီဖြစ်ပြီး ပြည်နယ်တွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု ကောင်းမွန်ရေးနှင့် ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေးအ တွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု ငွေလုံးငွေရင်း ဘတ်ဂျက်မှ ခွဲရုံတစ်ရုံ တိုးချဲ့တည်ဆောက်ခြင်း၊ ထရန်စဖော်မာသုံးလုံး အစားထိုးလဲလှယ်ခြင်းအတွက် ကျပ် သန်း ၇ ဒသမ ၃သန်းဖြင့် လည်းကောင်း၊ ရှမ်းပြည် နယ်အစိုးရ ငွေလုံးငွေရင်းရန်ပုံငွေမှ ဓာတ် အားဖြန့်ဖြူးမှုကောင်းမွန်ရေး ကျပ်သန်း ၇ ဒသမ ၉ သန်း၊ ကျေးရွာမီးလင်းရေးလုပ်ငန်း အတွက် ကျပ်သန်း ၁၂ ဒသမ ၅ သန်းနှင့် မြို့ ပြလုပ်ငန်းအတွက် ၅၆၀ ဒသမ ၁၅ ၊ စုစုပေါင်း ကျပ်သန်း ၂၁ ဒသမ ၁၂၃ သန်းဖြင့် ၁၁ ုဠ လိုင်း ၂၄၅ မိုင်၊ ၄၀၀ ဗို့လိုင်း ၁၆၉ မိုင်၊ ၁၁။၀.၄ ုဠ ကေဗွီ ထရန်စဖော်မာ ၁၈၂ လုံး၊ ၂၈၅၂၅ ကေဗီကေ တိုးချဲ့တည်ဆောက်ပေးနိုင်ခဲ့ရာ ရှမ်းပြည်နယ်တွင်း ကျေးရွာပေါင်း ၁၆၁ ရွာရှိ အိမ်ထောင်စုပေါင်း ၁၄၀၀၀ ကျော် လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်ခဲ့ကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ ငါးနှစ်စီမံကိန်း ပထမ မူကြမ်းလျာထားချက်များ တင်ပြထားပြီးဖြစ် ရာ အဆိုပါ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည် ဆိုပါက ပတ်ဝန်းကျင် ကျေးရွာပေါင်း ၂၇၀၀ ကျော် လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်မည် ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး ကဏ္ဍအနေဖြင့် ရှမ်းပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေသော စက်ရုံများမှာ ဇော်ဂျီ (၁) (၂) ၊ တီကျစ်၊ ကျိုင်းတောင်း၊ မြို့ကြီးနှင့် ရွှေလီ (၁) တို့ဖြစ်ပြီး စုစုပေါင်း စက်တပ်ဆင် အင်အားမှာ ၈၃၄ မဂ္ဂါဝပ်ဖြင့် ဓာတ်အား ထုတ်လုပ်နိုင်မှုမှာ ၅၁၁၅ ယူနစ် သန်းပေါင်းဖြစ်ပြီး ရှမ်းပြည်နယ်တွင် တည်ဆောက်ဆဲရေအား လျှပ်စစ်စီမံကိန်းများမှာ ရွှေလီ (၃) အထက် ရဲရွာ၊ အထက်ကျိုင်းတောင်း၊ အထက်ဘီလူးချောင်းတို့ ဖြစ်ကြပြီး စုစုပေါင်း တပ်ဆင်အင်အားမှာ ၁၄၁၁ ဒသမ ၄၀ မဂ္ဂါဝပ်ဖြစ်ကြောင်း သိရသည်။             

 


READ NEXT
Cancel OK