Top News

ရေဘေးပြန်လည်ထူထောင်ရေးကူညီရန် ရုပ်ရှင်၊ ဂီတ နယ်ပယ်မှ အနုပညာရှင်များပါဝင်မည့် ဖူဆယ်ဘောလုံးပွဲ ယခုလ(၂၄)ရက်တွင် စတင်ကျင်းပမည်
24htopnews | September 19, 2024 10:12 PM CST

ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ကူညီရန် ရုပ်ရှင်၊ ဂီတနယ်ပယ်မှ အနုပညာရှင်များပါဝင်မည့် ဖူဆယ်ဘောလုံးပွဲကို ယခုလ စက်တင်ဘာ (၂၄)ရက်မှ (၂၇)ရက်အထိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ သုဝဏ္ဏ မိုးလုံလေလုံဖူဆယ်အားကစားကွင်းတွင် လေးရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေဘေးသင့်ကူညီရေး ရံပုံငွေ ဖူဆယ်ဘောလုံးပွဲစဉ်ကို အသင်းလေးသင်းဖြင့် အုပ်စုပတ်လည် ကစားသွားကြမည်ဖြစ်ပြီး၊ အသင်းများမှာ ရန်ကုန်တိုင်းအမျိုးသမီး လက်ရွေးစင်ဖူဆယ်အသင်း (YW FC)၊ Music FC ၊ Movie FC နှင့် Forever Group သရုပ်ဆောင်များ ပါဝင်သည့် Friend FC တို့ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။

စက်တင်ဘာ (၂၄)ရက် ပထမနေ့၌ YW FC နှင့် Music FC ၊ Movie FC နှင့် Friend FC တို့ ယှဉ်ပြိုင်သွားကြမည်ဖြစ်ကာ၊ စက်တင်ဘာ (၂၅)ရက် ဒုတိယနေ့၌ YW FC နှင့် Friend FC အသင်း၊ Movie FC နှင့် Music FC အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

စက်တင်ဘာ (၂၆)ရက် တတိယနေ့၌ Music FC နှင့် Friend FC အသင်း၊ YW FC နှင့် Movie FC အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ၊ပွဲစဉ်ဇယားအရ တစ်ရက်လျှင် (၂)ပွဲနှုန်း ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

စက်တင်ဘာ (၂၇) ရက် နောက်ဆုံးနေ့၌ တတိယနေရာလုပွဲကို အုပ်စု တတိယနှင့်အုပ်စု စတုတ္ထ ရရှိထားသည့်အသင်းနှစ်သင်း ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး၊ ဗိုလ်လုပွဲကို အုပ်စုပထမနှင့် အုပ်စုဒုတိယအသင်းတို့က ယှဉ်ပြိုင်ကစားသွားကြဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေဘေးသင့်ဒေသ ပြန်လည် ထူထောင်ရေး ရန်ပုံငွေဘောလုံးပွဲအတွက် လှူဒါန်းလိုသူများအနေဖြင့် ၀၉-၂၆၄၄၂၈၂၈၈ ( Acc Name Kyaw Swar Oo) ၊ ၀၉- ၄၅၀၀၄၃၉၆၅ ( Acc Name Yamin Thu)နဲ့ KBZ Special Acc ၀၄၄၅၁၁၀၆၀၀၂၆၈၁၄၀၁ ( Acc Name Yamin Thu) တို့ထံ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။


READ NEXT
Cancel OK