Top News

မဲနယ်တောင်ဒေသတွင် ရေကြီးမှုကြောင့် ပျက်စီးခဲ့သည့် တံတားများကို ယာယီတံတားသစ် အစားထိုးနေ
24htopnews | September 19, 2024 10:12 PM CST

မဲနယ်တောင်ဒေသတွင် ရေကြီးမှုကြောင့် ပျက်စီးခဲ့သည့် တံတားများကို ပြည်သူများ သွားလာရေးအဆင်ပြေစေရန် ယာယီတံတားသစ်များ အစားထိုးနေကြောင်း သိရသည်။

ယာဂီမုန်တိုင်းအရှိန်ကြောင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ စက်တင်ဘာ(၁၀)ရက်နေ့ကစတင်ကာ မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေဝင်ရောက်မှုကြောင့် လူနေအိမ်၊ လမ်း၊ တံတားများ ပျက်စီးဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။

ယင်း ဖြစ်စဉ်ကြောင့် ဟိုပုံးမြို့နယ်တွင် ပေ ၁၈၀ အောက် တံတာ(၁၀)စင်း မျောပါပျက်စီးခဲ့ရပြီး လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် မဲနယ်တောင်ဒေသရှိ ကျေးရွာများမှ ရေဘေးဒုက္ခသည်များ အကူအညီများလိုအပ်နေခဲ့ရသည်။

လက်ရှိတွင် ယာယီတံတားသစ် အစားထိုးနေမှုများကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက ကွင်းဆင်းကြည့်ရှုစစ်ဆေးနေသည်ဟုလည်း သိရသည်။

ပြင်ဆင်အစားထိုးရာတွင် စံဖူး-ကျောက္ကချား-နောင်စုံလမ်းပေါ်ရှိ ပေ ၂၀ အရှည် ကွန်ကရစ်တံတား မျောပါပျက်စီးခဲ့သည်ကို ယာယီသစ်သားတံတား တည်ဆောက်ပေးလျက်ရှိပြီး စက်တင်ဘာလ(၂၀)ရက်နေ့တွင် တံတားတည်ဆောက်ပြီးစီးမည်ဖြစ်ကြောင်း လည်း သိရသည်။


READ NEXT
Cancel OK