Top News

နယ်စပ်ဖြတ်ကျော် ရေထွက်ပစ္စည်းတင်သွင်းမှုနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံက မြန်မာနှင့် မလေးရှားနိုင်ငံကို စည်းကမ်းချက်အသစ် ထုတ်ပြန်
24htopnews | September 19, 2024 10:12 PM CST

နယ်စပ်ဖြတ်ကျော် ရေထွက်ပစ္စည်းတင်သွင်းမှုနှင့်ပတ်သက်ပြီး မြန်မာနှင့်မလေးရှားနိုင်ငံကို ထိုင်းနိုင်ငံက စည်းကမ်းချက်အသစ် ထုတ်ပြန်လိုက်ကြောင်းသိရသည်။

ရေထွက်ပစ္စည်းအားလုံးကို သက်ဆိုင်ရာတင်ပို့သည့်နိုင်ငံ၏ စာရွက်စာတမ်းထုတ် ပေးသည့်ဌာန၏ အတည်ပြုချက်ကိုရရှိမှသာလျှင် ထိုင်းနိုင်ငံအတွင်းသို့ တင်သွင်းမှု ခွင့်ပြုမည်ဟု ဆိုသည်။

ထိုင်းနိုင်ငံအနေဖြင့်မြန်မာနှင့်မလေးရှားနိုင်ငံတို့မှနယ်စပ်ဖြတ်ကျော်တင်သွင်းလာမည့်  ရေထွက်ပစ္စည်းအားလုံးကို ၂၀၂၄ ခုနှစ်၊စက်တင်ဘာ ၉ ရက်နေ့ရက်စွဲဖြင့် စည်း ကမ်းချက်ထုတ်ပြန်ခဲ့   ခြင်းဖြစ်ပြီး စက်တင် ဘာ ၁၅ ရက်နေ့တွင်စတင်အသက်ဝင်နေပြီ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

“မြန်မာနိုင်ငံအနေဖြင့် ရေထွက်ပစ္စည်း တင်သွင်းရာမှာ ထိုင်းနိုင်ငံအတွင်းကို စာရွက် စာတမ်း အတုတွေနှင့် တင်သွင်းနေတာရှိ တယ်၊ မောတောင်ကနေထိုင်းနိုင်ငံ၊ဆင်း ခွန် ဂိတ်ကိုတင်သွင်းရာမှာ စာရွက်စာတမ်းအတု နှင့် ဝင်တာ နှစ် ကြိမ် ဖမ်းမိခဲ့ပြီးပြီ။ အခုမြိတ် မြို့ကရေထွက်ပစ္စည်း( အရှင် ) တင်ပို့သူတွေ အတော်လေးအခက်အခဲဖြစ်နေတာကြားရတယ်၊အချိန်မီခွင့်ပြုချက်မရကြဘူးလေ”ဟု မြိတ်မြို့မှပို့ကုန်သွင်းကုန်ဆောင် ရွက်နေသူ တစ်ဦးက ပြောကြားခဲ့သည်။

“ မြန်မာနိုင်ငံကနေ တင်သွင်းလာ မယ့် ရေ ထွက်ကုန်များ၏မျှောစာ၊ packing list  နှင့်တခြားသက်ဆိုင်သော စာရွက်စာတမ်းများကို အနည်းဆုံး တစ်ရက်ကြိုတင်ပေးပို့ ခွင့်ပြု ချက်ယူရမယ် ဆိုတော့အဲဒီမှာ အခက် တွေ့ပြီ၊ မြန်မာနိုင်ငံကဌာနဆိုင်ရာတွေကအဲဒီလောက် အလုပ်အမြန်မလုပ်ပေးကြဘူး၊ မြန်ချင်ရင်တော့ရတယ် လုပ်ငန်းရှင်တွေအနေနှင့်တွက်ချက်ကိုက်မှာမဟုတ်တော့ဘူး၊လမ်းမှာကုန်မှာတွေကလည်း အများကြီးပဲ “ ဟု ကုန်သည်တစ်ဦးက ပြောကြားသည်။

ထိုင်းနိုင်ငံအနေဖြင့် ယခုကဲ့သို့ပြုလုပ် ရခြင်းမှာစာရွက်စာတမ်းအတုများဖြင့် တင် သွင်းမှုကို ကာကွယ်ရန်၊ တရားမဝင်ငါးဖမ်း ဆီးတာ တွေကို ကာကွယ်ရန်ဖြစ်ကြောင်းပြော ဆိုထားသည်။

မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များအနေ ဖြင့် ပထမဆင့်တွင် ထိုင်းနိုင်ငံရှိ၊ ပရာကျွတ်၊ ရနောင်းမြို့ရှိ ငါးလုပ်ငန်းဦးစီးဌာသို့ စာရွက် စာတမ်းများတင်ပြထားရမည်၊ဒုတိယအ ဆင့် တွင် ပရာကျွတ်၊ရနောင်းတို့မှ ထိုင်းနိုင်ငံ ငါး လုပ်ငန်းဦးစီးဌာရုံးချုပ်သို့ စာရွက်စာတမ်း များ ပေးပို့ပြီး ခွင့်ပြုချက် တောင်းခံသွားရ မည်။ တတိယအဆင့်တွင် ထိုင်းနိုင်ငံ၊ငါးလုပ် ငန်းဦးစီးဌာနရုံးချုပ်မှမြန်မာနိုင်ငံရှိစာရွက်စာတမ်း (မျှောစာ၊ကုန် စည်စာရင်း) ထုတ် ပေးမည့်ဌာနသို့ email ဖြင့်စုံစမ်းမေးမြန်းပြီး အတည်ပြုချက်ယူမည်၊ မြန်မာနိုင်ငံမှပေး မည့်အတည်ပြုချက်ကို email  မှရရှိမှသာလျှင် တင်သွင်းမှုကိုခွင့်ပြုချက်ပေးမည်၊စတုတ္ထအဆင့်တွင် ထိုင်းငါးဦးစီးရုံးချုပ်က ပရာကျွတ်၊ ရနောင်းရှိငါးလုပ်ငန်းဦးစီးဌာသို့ခွင့်ပြုချက် ပေးထားသည့်စာကို ပေးပို့ပြီးမှသာလျှင် ရေ ထွက်ပစ္စည်း တင်သွင်းခွင့်ကို ရရှိမည်ဖြစ် ကြောင်း သိရသည်။

ထိုင်းနိုင်ငံအနေဖြင့် ရေထွက်ပစ္စည်း တင်သွင်းရာတွင် မြန်မာနိုင်ငံမှ တရားဝင် လာရောက်သည့် ရေထွက်ပစ္စည်းတွေထက် တရား မဝင်လာရောက်ရေထွက်ပစ္စည်းကုန် ချိန်ကပိုများနေသည်ဟု အကြောင်းပြထား သည်။

မြန်မာနိုင်ငံမှ ရေထွက်ပစ္စည်းများမှ တရားမဝင်သည့်နည်းလမ်း ပေါင်းစုံဖြင့်ထိုင်း နိုင်ငံသို့တင်ပို့နေသည်မှာ ဆယ်စုနှစ် သုံးခု ကျော်နေပြီဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK