Top News

စစ်ကိုင်းမြို့နယ် ကြွယ်ပုံကျေးရွာမှ ဒေသခံပြည်သူများ စီးနင်းလာသည့် မော်တော်ယာဉ်အား PDF များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရပြီး အမျိုးသမီး ၁၂ ဦး သေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရရှိ
24htopnews | September 19, 2024 9:12 PM CST

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ နယ်၊ ကြွယ်ပုံကျေးရွာမှ ဒေသခံပြည်သူများ စီးနင်းလာသည့် မော်တော်ယာဉ်အား PDF များက လက်နက်ကြီး လက်နက်ငယ်များဖြင့် ၀ိုင်းဝန်း ပစ်ခတ်ခဲ့သဖြင့် အမျိုးသမီး ၁၂ ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန် သည်။

 စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာ အတွင်း၌ နေထိုင်သည့် ဒေသခံ ပြည်သူများ သည် တောင်ယာလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်း တွင် မော်တော်ယာဉ်ဖြင့် သွားရောက်စဉ် ကျေးရွာ၏ အရှေ့မြောက်ဘက်မီတာ ၁၃၀၀ ခန့်အကွာသို့အရောက်၌ PDF များက လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ၀ိုင်းဝန်းပစ် ခတ်ခဲ့ရာ ဒေသခံပြည်သူ အမျိုးသမီး ၁၂ ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း နစကက ထုတ်ပြန်သည်။

အဆိုပါ ဒဏ်ရာရရှိခဲ့သူများအား လို အပ်သည်များ ဆက်လက်ဆောင်ရွက်နိုင် ရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ကိုင်းမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက် လက်ဆောင်ရွက်လျက်ရှိကြောင်း နစကက ထုတ်ပြန်သည်။

၂၀၂၃ ခုနှစ်  ဧပြီလတွင်လည်း PDF များ က အဆိုပါ ကြွယ်ပုံကျေးရွာအား drop Bomb  များ ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်ငါးဦး အပါအဝင်ရှစ်ဦး သေဆုံးပြီး ၃၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်းနစကက ထုတ်ပြန်သည်။

အလားတူ စက်တင်ဘာ ၁၆ ရက် နံနက် ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မြစ် သား မြို့နယ်၊ ခရုတုတ်ကျေးရွာမှ သံဃာတော် တစ်ပါးသည် ကူမဲမြို့သို့ သွားရောက်စဉ် PDF များက လက်နက်ငယ်ဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ပြီး ဆိုင်ကယ်တစ်စီး၊ ဖုန်းနှင့်ငွေများအား လုယက်ယူဆောင်သွားခဲ့ကြောင်း၊ ထိုသို့ပစ် ခတ်ခဲ့မှုကြောင့် ဆရာတော် ဘဒ္ဒန္တကောဝိဒ သည် ရရှိဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ပြီး ဆိုင်ကယ်ဖြင့် လိုက်ပါပို့ဆောင်သူ အမျိုးသား တစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ ကြောင်း နစကက ထုတ်ပြန်သည်။

ထို့အပြင် မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ မှန်ကင်းကျေးရွာ၌ အမျိုးသမီး တစ်ဦးသည် နေအိမ်၌ရှိနေစဉ် PDF များက လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ် သတ်ဖြတ်ခဲ့မှုကြောင့် သေဆုံးခဲ့ရကြောင်း လည်း နစကက ထုတ်ပြန်ထားသည်။


READ NEXT
Cancel OK