Top News

မန်စီးတီးတိုက်စစ်မှူး ဟာလန်း၏ ယခုရာသီခြေစွမ်းကိုကြည့်ပြီး အာဆင်နယ်ကစားသမားများ ရယ်ရုံသာတတ်နိုင်ကြောင်း ဂျော်ဂျင်ဟို ဝန်ခံ
24htopnews | September 19, 2024 6:12 PM CST

 

အာဆင်နယ်ဝါရင့်ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုက မိမိတို့အသင်းကစားသမားများအနေဖြင့် မန်စီးတီးတိုက်စစ်မှူး ဟာလန်း၏ယခု ရာသီခြေစွမ်းကိုကြည့်ပြီး ရယ်ရုံသာတတ်နိုင်ကြောင်း ဝန်ခံခဲ့သည်။ 

အာဆင်နယ်အသင်းသည် စက်တင်ဘာ (၂၂) ရက်(တနင်္ဂနွေနေ့)တွင် မန်စီးတီးအသင်းနှင့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ် ကစားရမည်ဖြစ်သည်။ အာဆင်နယ်အသင်း အနေဖြင့် အဆိုပါပွဲစဉ်တွင် မန်စီးတီး အသင်း၏ ယခုရာသီ ပရီးမီးယားလိဂ် ရာနှုန်းပြည့်နိုင်ပွဲဆက်မှုကို တားဆီးရန် ကြိုးပမ်းရမည်ဖြစ်သည်။ 

ယခုရာ သီ ပရီးမီးယားလိဂ်ပွဲစဉ် (၄) အပြီး ရာ နှုန်းပြည့်နိုင်ပွဲရထားသည့် မန်စီးတီး အသင်းတွင် တိုက်စစ်မှူး ဟာလန်းက အဓိက ခြေစွမ်းပြနေပြီး (၄) ပွဲ၌ (၉) ဂိုးထိ သွင်းယူထားသည်။ ဟာလန်း သည် ယခုရာသီ ပရီးမီးယားလိဂ်တွင် ၎င်း၏မန်စီးတီးမှလွဲလျှင် ပြိုင်ပွဲဝင်အသင်းတိုင်းထက် ဂိုးပိုသွင်းထားသည်။ 

ထို့ကြောင့် ဂျော်ဂျင်ဟိုက မိမိတို့အာဆင်နယ်ကစားသမားများအနေဖြင့် ဟာလန်း၏ယခုရာသီခြေစွမ်းကိုကြည့်ပြီး ရယ်ရုံသာတတ်နိုင်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

"ဟာလန်း ဂိုးသွင်းပြန်ပြီ။ ဟာလန်းရဲ့ ခြေစွမ်းကိုကြည့်ပြီး ကျွန်တော်တို့ ရယ်ရုံပဲတတ်နိုင်ပါတော့တယ်။ မန်စီးတီးအသင်းရဲ့ရလဒ်တွေကို ကျွန်တော်တို့ကြည့်ပါတယ်။ မန်စီးတီးရလဒ်ပဲ မဟုတ်ပါဘူး။ အသင်းတိုင်းရဲ့ ရလဒ်ကို ကြည့်တာပါ။ ဒါက ကျွန်တော် တို့ အလုပ်ပါ"ဟု ၎င်းကဆိုခဲ့သည်။

ထို့ပြင် ဂျော်ဂျင်ဟိုက မိမိတို့အာဆင်နယ်အသင်းအနေဖြင့် မန်စီးတီးကို အနိုင်ကစားမည်ဟုလည်း ပြောကြားခဲ့သည်။


READ NEXT
Cancel OK