Top News

ရပ်ရှ်ဖို့ဒ်သည် ရင့်ကျက်သည့်ထိပ်တန်းကစားသမားတစ်ဦးဖြစ်ကြောင်း မန်ယူနည်းပြ တန်ဟက်ဂ် ချီးကျူး
24htopnews | September 19, 2024 3:12 PM CST

 

မန်ယူနည်းပြ တန်ဟက်ဂ်က အသင်းတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်သည် ရင့်ကျက်သည့်ထိပ်တန်းကစားသမားတစ်ဦးဖြစ်ကြောင်း ဘန်စလေနှင့်ပွဲအပြီးတွင် ချီးကျူးပြောကြားခဲ့သည်။ 

မန်ယူအသင်းသည် လီဗာပူးလ် ကို (၀-၃) ဂိုးဖြင့် ရှုံးပြီးနောက် ပြန်ကစားသည့်ပွဲစဉ်များတွင် ဆောက်သမ်တန်ကို (၃-၀)ဂိုး၊ ဘန်စလေကို(၇-၀) ဂိုးတို့ဖြင့် အနိုင်ရထားသည်။ လိဂ်ဖလား တတိယအဆင့်တွင် လိဂ်ချန်ပီယံရှစ်ကလပ် ဘန်စလေအား (၇-၀) ဂိုးဖြင့် အနိုင်ရသည့်ပွဲမှာ တန်ဟက်ဂ် အတွက် မန်ယူနည်းပြဘဝတွင် ဂိုးအပြတ်ဆုံးနိုင်ပွဲဖြစ်ကြောင်း သိရသည်။ 

ရပ်ရှ်ဖို့ဒ်(၂၆ နှစ်)သည် ရာသီအစပိုင်း တွင်ရုန်းကန်ခဲ့ရသော်လည်း ဆောက်သမ်တန်၊ ဘန်စလေတို့ကို အနိုင်ရသည့်ပွဲများတွင် (၂) ပွဲဆက် (၃) ဂိုး သွင်းယူပေးထားသည်။ 

တန်ဟက်ဂ်က "ဘောလုံးမှာ ယုံကြည်မှုက အရာအားလုံးမဟုတ်ပေမဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ ရပ်ရှ်ဖို့ဒ်က ရင့်ကျက်တဲ့ ထိပ်တန်းကစားသမားလို့ ကျွန်တော် ထင်ပါတယ်။ သူ ဂိုးတွေအများကြီး သွင်းခဲ့တယ်။ အခုလည်း မန်ယူ အသင်းရဲ့ ဂိုးအများဆုံးသွင်းသူတွေထဲမှာ သူက ထိပ်ဆုံးပဲ။ ဒီတော့ သူက ရင့်ကျက်တဲ့ ထိပ်တန်းကစားသမားပါ။ တိုက်စစ်ကစားသမားတွေက ဂိုးမသွင်းနိုင်တဲ့အခါ ယုံကြည်မှုပျောက်တတ်ပါတယ်"ဟု ပြောကြားခဲ့သည်။


READ NEXT
Cancel OK