Top News

မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလမ်းတွင် ဖွင့်ထားသည့် ဖုန်းအရောင်းဆိုင်တစ်ဆိုင်မှ တန်ဖိုးကြီးဖုန်းများအပါအဝင် သိန်း ၆၀၀ ဝန်းကျင်တန်ဖိုးရှိ ဖုန်းအလုံးရေ ၈၈လုံး အခိုးခံရ
24htopnews | September 18, 2024 8:13 PM CST

မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလမ်းတွင် ဖွင့်ထားသည့် ဖုန်းအရောင်းဆိုင်တစ်ဆိုင်မှ တန်ဖိုးကြီးဖုန်းများအပါအဝင် သိန်း ၆၀၀ ဝန်းကျင်တန်ဖိုးရှိ ဖုန်းအလုံးရေ ၈၈လုံး အခိုးခံရမှု ဇူလိုင် ၂၂ ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇူုလိုင် ၂၂ ရက် ၊ နံနက်အစောပိုင်းတွင် ဖုန်းအရောင်းဆိုင်အတွင်းသို့ လူအချို့မှ ဝင်ရောက်ကာ ဖုန်းအလုံးရေ ၈၈လုံးအား ခိုးယူသွားခဲ့ခြင်းဖြစ်ကြောင်း Zaw Zaw Mobile မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။

“ဖုန်းအလုံးပေါင်း ၈၈ လုံး ခိုးခံရတာပါ။ Huawei ခေါက်ဖုန်းတွေလည်း ခိုးခံရတယ်။ Samsung ဖုန်းတွေလည်း ခိုးခံရတယ်။ စျေးကြီးတဲ့ ဖုန်းတွေခိုးခံလိုက်ရတာပါ”ဟု Zaw Zaw Mobile မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တန်ဖိုးငွေ သိန်း ၆၀၀ ဝန်းကျင်တန်ဖိုးရှိ ဖုန်းများ ခိုးယူခံရခြင်းဖြစ်ပြီး Samsung ဖုန်းအမျိုးအစား အများဆုံးခိုးခံရခြင်းဖြစ်ကြောင်း Zaw Zaw Mobile မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။

“Samsung ဖုန်းအမျိုးအစား အများဆုံးခိုးခံရတာပါ။ တန်ဖိုးငွေကတော့ သိန်း ၆၀၀ ဝန်းကျင်ပါ။သူခိုးတွေက နောက်ဖေးလမ်းကြားကဝင်ပြီး တံခါးကို ဖျက်ပြီး ခိုးသွားတာပါ”ဟု Zaw Zaw Mobile မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဖြစ်စဉ်အား သက်ဆိုင်ရာရဲစခန်းသို့ တိုင်ကြားသွားမည်ဖြစ်ကြောင်း Zaw Zaw Mobile မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။


READ NEXT
Cancel OK