Top News

နစကက နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)များအား အိမ်ငှားစရိတ် ထောက်ပံ့မည်
24htopnews | September 18, 2024 8:13 PM CST

နိုင်ငံတော်မှ နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)ဝန်ထမ်းများအား အိမ်ငှားစရိတ်ထောက်ပံ့မည်ဟု ယနေ့(ဇူလိုင် ၂၂ ရက်)ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သတင်း ထုတ်ပြန်သည်။

         

 နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်ပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနို်ငငံ တော်၊ စီးပွားရေးရာကော်မတီအစည်းအဝေး(၆/၂၀၂၂)၏ အစည်းအဝေး ဆုံးဖြတ်ချက် အရ နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)များအား အိမ်ငှားစရိတ်ထောက်ပံ့မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)များအနေဖြင့် အိမ်ငှားစရိတ်အဖြစ် အိမ်ထောင်သည် ဖြစ်ပါက မူရင်းလစာ၏ ၈ ရာခိုင်နှုန်းနှင့် လူပျို/အပျိုဖြစ်ပါက ၄ ရာခိုင်နှုန်း ခံစားခွင့်ရရှိ မည်ဖြစ်ကြောင်းနှင့် အသေးစိတ်အား ဇူလိုင်လ ၂၅ ရက် (တနင်္လာနေ့)၌ သတင်းထုတ် ပြန်သွားမည်ဖြစ်ကြောင်းလည်း ယခုသတင်းပြန်မှုတွင်ပါရှိသည်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ အနေဖြင့် အစိုးရဝန်ထမ်းများအား ခေတ်နှင့်အညီ ချီးမြှင့်ငွေ ၊ ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ ယခုအိမ်ငှားစရိတ် ထောက်ပံ့ခြင်းအပါအဝင် ချီးမြှင့်ထောက်ပံ့မှု (၂၆)ခု ပြုလုပ်ပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။


READ NEXT
Cancel OK