Top News

အကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆက်စပ်သည်ဟုဆိုကာ သံဖြူဇရပ်မြို့နယ်အတွင်းရှိ နေအိမ်  သုံးလုံး ချိပ်ပိတ်ခံရ
24htopnews | September 18, 2024 8:13 PM CST

အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်စပ်သည်ဟုဆိုကာ သံဖြူဇရပ်မြို့နယ်အတွင်းရှိ နေအိမ် (၃) လုံးမှာ ဇူလိုင် ၂၁ ရက်က ချိပ်ပိတ်ခံခဲ့ရကြောင်း မြို့ခံများထံမှ သိရသည်။

ချိပ်ပိတ်ခံခဲ့ရသည့်နေအိမ်များမှာ သံဖြူဇရပ်မြို့ အောင်သာယာရပ်ကွက်ရှိ ကိုရဲလင်းထွန်း ၏ နေအိမ်၊ ကြံ့ခိုင်ရေးရပ်ကွက်ရှိ ကိုပိုင်စိုး (ခ) ကိုပိုင်စိုးဦး နေအိမ် နှင့် သံဖြူဇရပ်မြို့နယ် ကျုံကဒတ်ကျေးရွာရှိ ကိုမင်းအောင် တို့၏ နေအိမ်များဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ (၂၁) ရက်က သံဖြူဇရပ်မြို့က နေအိမ် (၂) လုံး နဲ့ ကျုံကဒတ်ကျေးရွာက နေအိမ်တစ်လုံး ချိပ်ပိတ်ခံရတယ်လို့ ကြားသိရတယ်။ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ဆက်စပ်တယ်ဆိုလို့ ချိပ်ပိတ်ခံရတယ်လို့ပဲ ကြားတယ် ဟု သံဖြူဇရပ်မြို့ခံတစ်ဦး ကပြောကြားသည်။

မွန်ပြည်နယ်အတွင်း ပြီးခဲ့သည့် (၂၀၂၁) ခုနှစ် ဒီဇင်ဘာလ (၂၂) ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကျိုက်ထိုမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်ဆောင် ၏နေအိမ် နှင့် ဆေးကုခန်း၊ ပေါင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူး ၏ နေအိမ်တို့အား လည်းကောင်း၊ ဖေဖေါ်ဝါရီလ (၁၈) ရက်က ဘီးလင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာ၏ နေအိမ် (၂) လုံးအားလည်းကောင်း အကြမ်းဖက်အဖွဲ့အစည်းနှင့် ဆက်စပ်သည်ဟု ဆိုကာ သက်ဆိုင်ရာတာဝန်ရှိသူများက ချိပ်ပိတ်ခဲ့ကြောင်း သိရသည်။

၎င်းအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ မုဒုံမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ ဒေါ်ခင်ကျော့ဖြူ၏ နေအိမ်အား အကြမ်းဖက်အဖွဲ့အစည်းများနှင့်ဆက်စပ်နေသည်ဟုဆိုကာ ဖေဖေါ်ဝါရီလ (၁၉) ရက်၊ မွန်းလွဲပိုင်းက သက်ဆိုင်ရာမှ လာရောက်ချိပ်ပိတ်ခဲ့ကြောင်း သိရသည်။

အလားတူ အလားတူ ဖေဖေါ်ဝါရီလ (၁၃) ရက်ကလည်း အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်စပ်သည်ဟုဆိုကာ သထုံမြို့၊ လိပ်အင်းရပ်ကွက်၊ လေယာဉ်ကွင်းအနီးရှိ ဦးစောကျော်မိုး ပိုင်ဆိုင်သည့် Second CaféGarden စားသောက်ဆိုင်၊ သုဝဏ္ဏဝတီမြို့ ကျိုက္ကော်ရပ်ကွက်ရှိ ဦးဇော်မင်းသန့် ပိုင်ဆိုင်သည့် Peace Garden စားသောက်ဆိုင် နှင့် ကိုအောင်ကျော်ဌေး ဆိုသူပိုင်ဆိုင်သော နေအိမ်တစ်လုံးတို့အား သက်ဆိုင်ရာမှ လာရောက်ချိပ်ပိတ်သွားခဲ့ကြောင်း သိရသည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ သထုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဖြစ်သူ ဦးအောင်ကျော်သူ၏ နေအိမ်ကိုလည်း အကြမ်းဖက်အဖွဲ့အစည်းနှင့် ဆက်စပ်သည်ဟု ဆိုကာ ဖေဖေါ်ဝါရီလ (၁၉) ရက်က သက်ဆိုင်ရာမှ လာရောက်ချိပ်ပိတ်သွားခဲ့ကြောင်း သိရသည်။

ပြီးခဲသည့် ဖေဖေါ်ဝါရီလ (၂၁) ရက်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အောင်း ဒေါ်မိချိုသဲ နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလင်းတင်ဌေး တို့၏ နေအိမ်များအားနှင့် မတ်လ (၁၈) ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ရေးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်းနှင့် မြို့နယ်ပါတီဥက္ကဌဖြစ်သူ ဦးကျော်မိုးအေး ၏ နေအိမ်အား အကြမ်းဖက်အဖွဲ့အစည်းများနှင့်ဆက်စပ်နေသည်ဟုဆိုကာ ချိပ်ပိတ်ခံခဲ့ရကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဇွန်လ (၂၂) ရက်က ကျိုက်ထိုမြို့၊ ကော့စနိုင်ရပ်ကွက်နေ ဦးဟန်ဝင်းမြတ် ဆိုသူ၏ နေအိမ် နှင့် ကော့ထင်းကျေးရွာနေ ကိုသန့်ဇင်ဖြိုး ဆိုသူ၏ ဆိုင်ကယ်ပြင်ဆိုင်တို့အား သက်ဆိုင်ရာမှ လာရောက်ချိပ်ပိတ်ခဲ့ရကြောင်း သိရသည်။

 

 


READ NEXT
Cancel OK