Top News

ပရီးမီးယားလိဂ်တာဝန်ရှိသူများအနေဖြင့် စံနှုန်း(၂)ခုဖြင့် အရေးယူနေသည်ဟု မော်ရင်ဟို စွပ်စွဲခဲ့ပြီး မိမိကို အမြဲပြစ်ဒဏ်ချနေသည်ဟု ဆို
24htopnews | September 18, 2024 8:12 PM CST

စပါးနည်းပြမော်ရင်ဟိုက ပရီးမီးယားလိဂ်တာဝန်ရှိသူများအနေဖြင့် နည်းပြများ၏ ကွင်းဘေးစည်းအပြုအမူများအတွက် စံနှုန်း(၂)ခုဖြင့် အရေးယူနေကြောင်း စွပ်စွဲခဲ့သည်။

မော်ရင်ဟိုသည် ယခင်က ကွင်းဘေးစည်း၌ ပေါက်ကွဲသည့် အပြုအမူများအတွက် ပွဲကြီးကြပ်ခွင့်ပိတ်ပင်သည့်ပြစ်ဒဏ်များ ချမှတ်ခံခဲ့ရသူဖြစ်သည်။

ပရီးမီးယားလိဂ်တာဝန်ရှိသူများအနေဖြင့် မိမိကိုအရေးယူသော်လည်း အချို့သောနည်းပြများကိုမူ အရေးယူခြင်းမရှိဟု  မော်ရင်ဟိုက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်တစ်ပတ်က လီဗာပူးလ်(၂-၁)စပါးပွဲတွင် လီဗာပူးလ်နည်းပြ ကလော့ပ်၏ ကွင်းဘေးစည်းအပြုအမူများနှင့်ပတ်သက်၍ မော်ရင်ဟိုက ဝေဖန်ခဲ့ပြီး မိမိသာဆိုလျှင် အရေးယူခံနေရပြီဟု ပြောကြားခဲ့သည်။

''တကယ်လို့ သူ့ (ကလော့ပ်)လိုသာ ကျွန်တော်လုပ်ခဲ့ရင် ကျွန်တော် ဒီမှာတောင် ဆက်ရှိနေမှာ မဟုတ်ပါဘူး။ ကျွန်တော်ဟာ ကွင်းဘေးစည်းမှာ အပြုအမူကောင်းတွေ ပြုမူဖို့အတွက် အမြဲတစေ ဥပမာပေးခံခဲ့ရတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ ကျွန်တော်ဟာ ကွင်းဘေးက အပြုအမူတွေအတွက် အမြဲအပြစ်ပေးခံခဲ့ရသူပါ'' ဟု မော်ရင်ဟိုက Sky Sports သို့ ပြောကြားခဲ့သည်။

မော်ရင်ဟိုသည် မန်ယူအသင်းကို ကိုင်တွယ်စဉ် ဝက်စ်ဟမ်းနှင့်ပွဲတွင် ကွင်းဘေး၌ ရေဘူးကိုကန်ခဲ့၍ အရေးယူခံခဲ့ရသလို၊ ဘန်လေနှင့်ပွဲတွင်လည်း ရိုင်းစိုင်းသည့်စကားများ ပြောဆိုခဲ့သည်ဟုဆိုကာ ကွင်းပြင်သို့ ထုတ်ပယ်ခံခဲ့ရဖူးသည်။ 


READ NEXT
Cancel OK