Top News

လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲကို အူဘာမီယန်း လွဲချော်မည်
24htopnews | September 18, 2024 8:12 PM CST

အာဆင်နယ်အသင်းခေါင်းဆောင် တိုက်စစ်မှူး အူဘာမီယန်းသည် ယခုကြားရက်တွင် ယှဉ်ပြိုင်ကစားရမည့် လိဂ်ဖလားကွာတားဖိုင်နယ်ပွဲစဉ်ကို လွဲချော်မည်ဖြစ်ကြောင်း သိရှိရသည်။

အာဆင်နယ်အသင်းသည် လိဂ်ဖလားကွာတားဖိုင်နယ်အဆင့်တွင် မန်စီးတီးအသင်းနှင့် ဆုံတွေ့နေပြီး အိမ်ကွင်း အီမရိတ်စ်တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အူဘာမီယန်းသည် ခြေသလုံးကြွက်သားဒဏ်ရာ ရရှိနေသောကြောင့် အဲဗာတန်နှင့်ပွဲတွင်လည်း ပါဝင်နိုင်ခြင်းမရှိခဲ့ပေ။

အာဆင်နယ်နည်းပြ အာတီတာက ''မနက်ဖြန်ပွဲအတွက် အူဘာမီယန်းရဲ့ကြံ့ခိုင်မှုက အသင့်မဖြစ်ပါဘူး။ ဒါ သေချာပါတယ်။ သူ့ဒဏ်ရာက ပြီးခဲ့တဲ့ရက်တွေထက် တိုးတက်ကောင်းမွန်လာပေမဲ့ စစ်ဆေးမှုတွေ ထပ်လုပ်ရဦးမှာပါ။ သူက အသင်းအတွက် ဘယ်လောက်အရေးကြီးတဲ့သူလဲဆိုတာ သူ သိပါတယ်။ တတ်နိုင်သမျှ အမြန်ဆုံးပြန်ကစားနိုင်ဖို့ သူ ကြိုးစားနေပါတယ်'' ဟုပြောကြားခဲ့သည်။


READ NEXT
Cancel OK