Top News

ကွင်းသစ်ဆောက်ခွင့်ရရန် အစိုးရထံတင်ပြထား
24htopnews | September 18, 2024 8:12 PM CST

အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဂရာဗီနာနှင့် စီးရီးအေလိဂ်ပြိုင်ပွဲ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒီပီနိုတို့သည် ကွင်းသစ်စီမံကိန်းများ ဆောင်ရွက်ခွင့်ပြုရန် အီတလီအစိုးရထံ တင်ပြထားကြောင်း သိရှိရသည်။

အီတလီနိုင်ငံအတွင်းမှ ကွင်းအများစုသည် ၁၉၉၀ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက်ရည်ရွယ်ပြီး တည်ဆောက်ခဲ့သောကွင်းများဖြစ်သောကြောင့် ဟောင်းနွမ်းကာခေတ်မမီတော့ဘဲ ပြုပြင်ထိန်းသိမ်းမှုများလုပ်ရန် လိုအပ်နေသည်။

ထို့ပြင် စီးရီးအေအသင်းများကို ပိုင်ဆိုင်ထားသည့်နိုင်ငံခြားသားအသင်းပိုင်ရှင်များသည် ကွင်းသစ်စီမံကိန်းများဆောင်ရွက်ရန် ဆန္ဒပြင်းပြနေသည်။

ရိုးမားအသင်းသည် ပိုင်ရှင်ဟောင်း ပယ်လော့တာလက်ထက်ကတည်းက ကွင်းသစ်တည်ဆောက်ရန် ရည်ရွယ်ထားသော်လည်း အဆင်မပြေသေးသလို၊ ဖီအိုရင်တီးနားပိုင်ရှင် ရော့ကိုကော်မစ်ဆို၏ ကွင်းသစ်စီမံကိန်းမျှော်လင့်ချက်မှာလည်း ခွင့်ပြုချက်မရရှိသေးကြောင်း သိရသည်။ 


READ NEXT
Cancel OK