Top News

ဆီမြွန်နီအား စာချုပ်သစ်ချုပ်ဆိုရန် အက်သလက်တီကိုအသင်း စီစဉ်နေ
24htopnews | September 18, 2024 8:12 PM CST

အက်သလက်တီကိုအသင်းသည် ၎င်းတို့၏နည်းပြဖြစ်သူ ဆီမြွန်နီအား စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။

အသက် (၅၀)နှစ်အရွယ်ရှိ အာဂျင်တီးနားလူမျိုးနည်းပြ ဆီမြွန်နီနှင့် အက်သလက်တီကိုအသင်း၏ လက်ရှိစာချုပ်မှာ လာမည့် ၂၀၂၂ ခုနှစ် ဇွန်လ (၃၀)ရက်တွင်မှ ကုန်ဆုံးမည်ဖြစ်သော်လည်း အက်သလက်တီကိုအသင်းအနေဖြင့် ဆီမြွန်နီအား အသင်းတွင် ကာလရှည်ဆက်ရှိနေစေရန် ဆန္ဒရှိနေခြင်းလည်းဖြစ်သည်။

ဆီမြွန်နီသည်  အက်သလက်တီကိုအသင်းအား ၂၀၁၁ ခုနှစ် ဒီဇင်ဘာ (၂၃)ရက်နေ့တွင် စတင်ကိုင်တွယ်ခဲ့ပြီး (၉)နှစ်တာကာလအတွင်း အသင်းနှင့်အတူ လာလီဂါချန်ပီယံဆုဖလားအပါအဝင် အဓိကဆုဖလား (၇)လုံးအထိ ရယူနိုင်ခဲ့သည်။

ထို့ပြင် ဆီမြွန်နီသည် အက်သလက်တီကိုအသင်းအား ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ (၂)ကြိမ် ပို့ဆောင်ပေးခဲ့သလို အသင်းအား ဥရောပထိပ်တန်းအဆင့်သို့ရောက်အောင် ထိန်းကျောင်းပေးနိုင်ခဲ့သည်။

ဆီမြွန်နီသည် ယခုရာသီတွင်လည်း အက်သလက်တီကိုအသင်းအား တစ်ကျော့ပြန်လာလီဂါချန်ပီယံဆုအတွက် အခြေအနေကောင်းတစ်ခုကို ဖန်တီးပေးထားနိုင်သလို၊ ချန်ပီယံလိဂ်တွင်လည်း ရှုံးထွက် (၁၆)သင်း အဆင့်သို့ တက်ရောက်အောင် စွမ်းဆောင်ပေးထားနိုင်ခဲ့သည်။

ဆီမြွန်နီသည် ဘောလုံးလောကတွင် လစာငွေ အများဆုံးနည်းပြအဖြစ် ရပ်တည်နေသူဖြစ်ပြီး လစာငွေ၊ စပွန်ဆာကြေးနှင့် ဆုကြေးငွေများအပါအဝင် တစ်နှစ်လစာ ယူရိုသန်း (၄၀)ကျော်ရရှိနေသူဖြစ်သည်။

ဆီမြွန်နီအနေဖြင့် စာချုပ်သစ် ချုပ်ဆိုပြီးပါက လစာငွေ ပိုမိုမြင့်မားလာနိုင်ကြောင်းလည်း သိရသည်။


READ NEXT
Cancel OK