Top News

ဥက္ကဋ္ဌလော့တီတိုနှင့် ပြဿနာမရှိဟု အင်ဇာဂီ ဆို
24htopnews | September 18, 2024 8:12 PM CST

လာဇီယိုနည်းပြ ဆီမြွန်နီအင်ဇာဂီက အသင်းဥက္ကဋ္ဌ လော့တီတိုနှင့် ဆက်ဆံရေးအဆင်မပြေဖြစ်နေသည်ဆိုသောသတင်းများမှာ မဟုတ်မှန်ကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတွင် အင်ဇာဂီနှင့် လော့တီတိုတို့ဆုံတွေ့ခဲ့ပြီး ယင်းဆုံတွေ့မှုသည် အပြုသဘောမဆန်ကြောင်း  သတင်းများထွက်ပေါ်ခဲ့သည်။

အဆိုပါသတင်းများနှင့်ပတ်သက်၍ ဆီမြွန်နီအင်ဇာဂီက ငြင်းဆန်ခဲ့ပြီး '' ကျွန်တော်နဲ့ လော့တီတို့ကြားမှာ နည်းပြ-ဥက္ကဋ္ဌဆက်ဆံရေးထက် ပိုတဲ့ဆက်ဆံရေးမျိုး ဖန်တီးထားပါတယ်။ ပွဲတစ်ပွဲပြီးဆုံးချိန်တိုင်း ကျွန်တော်တို့ စကားပြောဖြစ်လေ့ရှိပြီး ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ တက်ရောက်နိုင်လို့လည်း သူ ဝမ်းသာနေပါတယ်'' ဟု ပြောကြားခဲ့သည်။

လာဇီယိုအသင်းသည် ဆီမြွန်နီအင်ဇာဂီ လက်ထက်တွင် နှစ်ပေါင်းများစွာ ဝေးကွာနေသည့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်တက်ရောက်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

ဆီမြွန်နီအင်ဇာဂီကို လာဇီယိုအသင်း သက်တမ်းတိုးမည်ဟုလည်း သတင်းများထွက်နေသည်။


READ NEXT
Cancel OK