Top News

အံ့မခန်းသွင်းဂိုးနှုန်းများအကြောင်း
24htopnews | September 18, 2024 1:12 PM CST

ပိုပြီးစောင့်ကြည့်ချင်စရာကောင်းတာက သမိုင်းဝင်လို့သတ်မှတ်ထားတဲ့ စီရော်နယ်လ်ဒို၊ မက်ဆီတို့ရဲ့ဂိုးသွင်းနှုန်းနဲ့ စံချိန်တွေကို လက်ရှိမှာကျော်ဖြတ်နိုင်ဖို့ မျှော်လင့်ခွင့်ရှိနေတဲ့ကစားသမား (၂)ဦးရှိနေပြီး မန်စီးတီးအသင်းရဲ့ နော်ဝေတိုက်စစ်မှူး ဟော်လန်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး ဘာပေတို့ပါပဲ။ အထူးသဖြင့်ဒီကစားသမား (၂)ဦးရဲ့ အသက်အရွယ်နဲ့ ဂိုးသွင်းနှုန်းက စီရော်နယ်လ်ဒို၊ မက်ဆီတို့ရဲ့ ကာလတူအခြေအနေကထက်  ပိုမိုသာလွန်နေတာဖြစ်ပြီး နှစ်ဦးစလုံးရဲ့ အရည်အသွေးနဲ့ အလားအလာအရလည်း သွင်းဂိုးစံချိန်မှတ်တမ်းတိုင်းကို ကျော်ဖြတ်သွားနိုင်တာအမှန်ပါ။ အသက် (၂၄)နှစ်အရွယ်သာရှိသေးတဲ့ဟော်လန်းဟာ ကစားသမားဘဝတစ်လျှောက် ကလပ်အသင်းတွေနဲ့ လက်ရွေးစင်အသင်းအတွက် ပြိုင်ပွဲစုံ (၃၀၄)ပွဲကစားရာမှာ (၂၆၆)ဂိုးသွင်းယူထားပြီး ဒါဟာ စီရော်နယ်လ်ဒိုအသက် (၂၄)နှစ်အရွယ်မှာ သွင်းယူခဲ့တဲ့ဂိုးအရေအတွက်ထက် ဂိုး (၅၀)နီးပါး ပိုမိုများပြားခဲ့တာဖြစ်ပါတယ်။


READ NEXT
Cancel OK