ရေဘေးကြုံတွေ့ခဲ့ရသည့် မြန်မာနိုင်ငံအတွက် AHA Centre မှပေးပို့သော ရေဘေးကယ်ဆယ်ရေးပစ္စည်းများ ယနေ့ စက်တင်ဘာ ၁၇ ရက်နံနက်ပိုင်းက ရန်ကုန်လေဆိပ်သို့ရောက်ရှိလာခဲ့ကြောင်း မြန်မာအမျိုးသားလေကြောင်း(MNA) ထံမှ သိရသည်။
အဆိုပါ ရေဘေးကယ်ဆယ်ရေးပစ္စည်းများအား MNA ၏ Boeing 737-800 Freighter လေယာဉ် (9M-WCA) ခရီးစဉ်အမှတ် UB-2020 လေယာဉ်က ထိုင်းနိုင်ငံ၊သုဝဏ္ဏဘူမိလေဆိပ်မှတစ်ဆင့် တင်ဆောင်လာခဲ့ခြင်းဖြစ်ကာ ကယ်ဆယ်ရေးပစ္စည်းများ၏ စုစုပေါင်းအလေးချိန်မှာ 5560 kg ရှိကြောင်း သိရသည်။
MNA မှအကူအညီလိုအပ်နေသည့် ရေဘေးသင့်ဒေသများထံ လိုအပ်သည့်ကယ်ဆယ်ရေးပစ္စည်းများမြန်ဆန်ချောမွေ့စွာရောက်ရှိနိုင်ရန် ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ရေဘေးသင့်သူများထံ ကယ်ဆယ်ရေးပစ္စည်းများနှင့်ဆေးဝါးများ အဆင်ပြေချောမွေ့စွာရောက်ရှိစေရန်အတွက်လည်း ပြည်တွင်း/ပြည်ပခရီးစဉ်များဖြင့် အခမဲ့သယ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
-
တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့တွင် လေပြင်းတိုက်ခတ်ခြင်းနှင့်မိုးသီးကြွေခြင်းများဖြစ်ပေါ်နိုင်ဟုမိုး/ဇလသတိပေး
-
မန္တလေးတိုင်း မြို့နယ်(၄)မြို့နယ်ရှိ အိမ်ခြေ(၁၀၀)အတွက် ဝမ်းပျက်ဝမ်းလျောရောဂါ ကာကွယ်နိုင်ရန် ယင်လုံ အိမ်သာသုံးပစ္စည်းများ ထောက်ပံ့လှူဒါန်းမည်
-
ဘာစီလိုနာဂိုးသမား စတီဂန် ဒူးဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ပြီး ရာသီကုန်အထိ အနားယူရဖွယ်ရှိ
-
ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာအား ဝေဖန်နေသည့် အာတီတာအနေဖြင့် အဆင့်အတန်းနည်းနည်းပြပြီး ကိုယ်တိုင်ရှေ့ဆက်သင့်သည်ဟု ရွိုင်ကင်း ဝေဖန်
-
အာဆင်နယ်နှင့်ပွဲ၌ ဒူးဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သည့် မန်စီးတီးကွင်းလယ်လူ ရိုဒရီ ရာသီကုန်အထိ အနားယူရဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာများ ဖော်ပြ