Top News

နယ်စပ်ဖြတ်ကျော် တရားမဝင်သွားလာမှုများကိုကုစားဖို့ မြန်မာ့ရေလုပ်ငန်းကဏ္ဍက အဓိကကျနိုင်သလား
24htopnews | September 18, 2024 1:12 AM CST

ပြီးခဲ့သည့် နှစ်နှစ်အတွင်း မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့နှုန်း တိုးပွားလာသည့်အတွက် မြန်မာနိုင်ငံသားများမှာ အလုပ်အကိုင် တစ်ခုရဖို့အတွက် အိမ်နီးချင်းထိုင်းနိုင်ငံကို  စွန့်စားထွက်ခွာ သွားလာမှုများစွာဖြစ်လာနေ ပါတယ်။ ကပ်ရောဂါအခြေအနေတွေကြောင့် အလုပ်အကိုင်များစွာ ဆုံးရှုံးသွားရသလိုနိုင်ငံ ရေးအခြေအနေများကြောင့်လည်း လုပ်ငန်း တချို့ ရပ်နားသွားကြတဲ့အတွက် မြန်မာနိုင်ငံသားများမှာ နှစ်နှစ်အတွင်း လွန်စွာကျပ်တည်းတဲ့အနေအထားကို ရင်ဆိုင်ကြုံတွေ့နေကြရတာဖြစ်ပါတယ်။

စားဝတ်နေရေး မပြေလည်ကြတော့တဲ့ အတွက် မိမိတို့နေရပ်များကိုစွန့်ခွာပြီး အလုပ် တစ်ခုရရှိရန် မျှော်လင့်ချက်နဲ့ ထွက်ခွာနေကြတာတွေ့ရပါတယ်။

အိမ်နီးချင်းထိုင်းနိုင်ငံရှိခရိုင်အသီးသီးမှာ ရေထွက်ကုန်နဲ့ပတ်သက်တဲ့ စက်ရုံများ၊ အအေးခန်းများ၊ ငါးအဝယ်ဒိုင်များ၊ စိုက်ပျိုးရေး၊ စားသောက်ဆိုင်၊ လက်လီ၊ လက်ကား အရောင်းဆိုင်များ၊ မွေးမြူရေးနှင့်ဆောက် လုပ်ရေးလုပ်ငန်းများမှာ အလုပ်သမား လိုအပ်ချက်များစွာ ဖြစ်နေတဲ့အတွက် ဝင်ရောက် လုပ်ကိုင်ဖို့ ထွက်ခွာနေကြတာဖြစ်ပါတယ်။

“ရနောင်းခရိုင်တစ်ခုတည်းမှာကို နိုင်ငံခြားသားအလုပ်သမား တင်သွင်းခွင့်လျှောက်တဲ့ တရားဝင်လုပ်ငန်းရှင်ပေါင်း သုံးထောင်ကျော်ရှိနေတယ်။ ကပ်ရောဂါအခြေအနေ မဖြစ်ခင်စာရင်းအရဆိုရင် လုပ်ငန်းရှင်ပေါင်း ၆၇၇၃ ဦးရှိခဲ့တယ်။ ရနောင်းခရိုင်မှာ လုပ်သားအင်အား လိုအပ်ချက်အရ နေထိုင်ပြီးသား အလုပ်သမားတွေကို သက်တမ်းတိုးမြှင့် ပေးနေတယ်။ ထိုင်းရဲ့စီးပွားရေးလုပ်ငန်းတွေ ဆက်လက်လည်ပတ်နေစေဖို့ဖြစ်တယ်” လို့ ထိုင်းနိုင်ငံ ရနောင်းမြို့မှ တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံ ရနောင်းမြို့ဟာ မြန်မာနိုင်ငံမှထွက်ရှိတဲ့ ရေထွက်ပစ္စည်းတွေကို အဓိက မှီခိုပြီး စီးပွားရေးလည်ပတ်နေတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။ ရနောင်းမြို့မှာရှိတဲ့ ရေထွက်ကုန် အားလုံး၏ ၉၉ ရာခိုင်နှုန်းမှာ မြိတ်ကျွန်းစုမှဖြစ်ပြီး လုပ်သား ၉၀ ရာခိုင်နှုန်းဟာလည်း မြန်မာနိုင်ငံသားများဖြစ်ပါတယ်။ ရနောင်း မြို့မှာ ကြီးမားတဲ့ငါးစျေးကွက်ကြီးတစ်ခု ဖြစ်နေပြီး ထိုင်းနိုင်ငံရဲ့ ရေထွက်ကုန်တင်ပို့မှု သုံးပုံတစ်ပုံကို ချုပ်ကိုင်ထားရာမြို့ဖြစ်ပါတယ်။

“ထိုင်းနိုင်ငံရဲ့ရေထွက်ကုန်တင်ပို့မှုကနေ တစ်နှစ်ကို ကျွန်တော်တို့ အမေရိကန်ဒေါ်လာ ခုနစ်ဘီလျံကျော်အထိ ရတယ်။ ကျွန်တော်တို့အနောက်မှာ ဗီယက်နမ်နိုင်ငံက အမေရိကန်ဒေါ်လာ ခုနစ်ဘီလျံနီးပါးနဲ့ ကပ် လိုက်နေတယ်။ ရနောင်းမြို့ကနေ ရေထွက် ကုန်ရှာဖွေပေးနိုင်တဲ့ပမာဏက ၃၀ ရာခိုင် နှုန်းအထိရှိနေတယ်” လို့ ထိုင်းနိုင်ငံ၏ငါးဦး စီးညွန်ချုပ်ဖြစ်သူ ဒေါက်တာအာဒီချပ်က ပြောကြားခဲ့ပါတယ်။

အဲဒီကိန်းဂဏန်းမှာ ကပ်ရောဂါအခြေ အနေများမဖြစ်မီက ကိန်းဂဏန်းများဖြစ်ပါတယ်။ ဒီကိန်းဂဏန်းများအတိုင်း တွက်ချက်ပါက မြိတ်ကျွန်းစုမှ ရနောင်းမြို့ကို ရေထွက်ကုန် တစ်နှစ်လျှင်အမေရိကန်ဒေါ်လာ နှစ်ဘီလျံနီးပါးလောက် ရောက်ရှိနေတဲ့သဘောပါ။ ကုန်ကြမ်းအဆင့်နဲ့ တင်ပို့နေရတဲ့အတွက် လျှော့ပေါ့တွက်ချက်ပါက တစ်ဘီလျံကျော်လောက်က အသာလေး တင်ပို့နေတဲ့အနေ အထားပါ။

“တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ၂၀၁၉-၂၀၂၀ မှာ ရေထွက်ကုန် တန်ချိန် သုံးသိန်းကျော် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၄၇ ဒသမ ၅၁ သန်းရရှိခဲ့ပါတယ်”လို့ ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့တာပါ။

ဒါက လွန်ခဲ့တဲ့နှစ်နှစ်က တရားဝင်စာရင်းများရဲ့ကိန်းဂဏန်းပါ။ အရှေ့တောင်အာရှ နိုင်ငံအတော်များများမှာ ကိုယ်ပိုင်ငါးစျေးကွက်ဖြင့် နိုင်ငံတကာကို ထိုးဖောက်နေပြီဖြစ်ပေမဲ့ မြန်မာ့နိုင်ငံမှာ နယ်စပ်ဖြတ်ကျော်ကုန် ကြမ်းရောင်းအဆင့်နဲ့သာ လိမ်ဖယ်လိမ်ဖယ် သွားနေတာတွေ့ရတယ်။ လုပ်သားအင်အားများကိုလည်း ထိုင်းနိုင်ငံအရောက်သွားရောက်ပြီး လုပ်ကိုင်ပေးနေရသလိုဖြစ်နေပါတယ်။ ထိုင်းနိုင်ငံ မဟာချိုင်ဒေသမှာရှိတဲ့ ထာထလေ၊ မက်ကလောင်ငါးစျေးကွက်တွေနဲ့ ရနောင်း ခရိုင်မှာရှိတဲ့ ငါးစျေးကွက်တွေမှာ မြန်မာ အလုပ်သမား သိန်းနှင့်ချီပြီးရှိနေပါတယ်။ လွန်ခဲ့တဲ့နှစ် ၂၀ ကျော် တပ်မတော်အစိုးရ တာဝန်ယူထားစဉ်အချိန် ၁၉၉၉ ခုနှစ်မှာ ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာ့ငါးစျေးကွက်ကြီးကို ပြန်လည်ယူဆောင်ဖို့ ကြိုးစားပေးခဲ့ပါတယ်။ အဲဒီအချိန်တုန်းက မြန်မာ့ရေထွက်ကုန်တွေနဲ့ စီးပွားရေးလည်ပတ်နေတဲ့ ထိုင်း နိုင်ငံ ရနောင်းခရိုင်မှာ အတော်လေး ဂယက်ထခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာ-ထိုင်းနယ်စပ် ကိစ္စရပ်များကြောင့် နှောင့်နှေးခဲ့ပါတယ်။

မြိတ်မြို့ အင်းလေးမြိုင်မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ ငါးလေလံစျေးကြီးတစ်ခုကို အမေရိကန်ဒေါ်လာသန်း ၇၀ ရင်းနှီးမြှုပ်နှံ ခွင့်နဲ့ လုပ်ကိုင်ခဲ့ပါတယ်။

မြန်မာ့မြေမှာ ငါးစျေးကွက်ကြီးကိုအကောင်အထည်ဖော်ဖို့အတွက် နိုင်ငံတော် အစိုးရ၊ လုပ်ငန်းရှင်ပူးပေါင်းပြီး စတင်လုပ် ဆောင်ခဲ့ပါတယ်။ အရပ်သားအစိုးရ အဆက်ဆက်မှာ တိုင်းပြည်အတွက်အရေးတကြီးလို အပ်နေတဲ့ ငါးစျေးကွက်ကို အကောင်ထည် ဖော်ပေးဖို့ ပျက်ကွက်ခဲ့ကြပါတယ်။ ကိုယ်တိုင်လည်း စျေးကွက်မဖော်ဆောင်ခြင်း၊ လာရောက်ရင်းနှီးမြုပ်နှံသူများကို ကူညီပေးနိုင် ခြင်းမရှိတဲ့အတွက် ထိုင်းနိုင်ငံမှာ မြန်မာ့ငါး စျေးကွက်ကြီးဟာ နှစ် ၂၀ ကျော် ဆက်လက် ရှိနေခဲ့ပါတယ်။ မြန်မာနိုင်ငံသားများသိန်းနှင့် ချီပြီး သွားရောက် လုပ်ကိုင်နေခဲ့ကြရပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းများအားလုံးက ထိုင်းနိုင်ငံကိုရောက်နေသလို ဖြစ်တဲ့အတွက် မြန်မာနိုင်ငံသားများမှာ မိသားစုအစုံအလင် ထမင်းဝိုင်းမှာ မစားနိုင်တဲ့ဘဝကို ဆက်လက် ကြုံတွေ့နေခဲ့ရပါတယ်။ ရေလုပ်ငန်းကဏ္ဍနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံအနေဖြင့် စီးပွားရေးလည်ပတ်မှုအား ကောင်းခဲ့သလို အလုပ်အကိုင်အခွင့်အလမ်း သိန်းနှင့်ချီပြီးပေးထားနိုင်ခဲ့တယ်။ မြန်မာနိုင်ငံမှာ ငါးစျေးကွက်ကြီး ပြန်လည်ဖော်ဆောင်နိုင်ပါက နောက်ဆက်တွဲရရှိလာမည့် အလုပ်အကိုင်အခွင့်အလမ်းများက သိန်းနှင့်ချီပြီးရှိနေပါတယ်။ နိုင်ငံတော်က စျေးကွက်ဖော်ဆောင်ပေးရေး၊ ရင်းနှီးမြှုပ်နှံသူများကို အကူအညီပေးခြင်းမျိုးကို ဆောင်ရွက်ပေးရန်သာ လိုပါတယ်။

မြန်မာနိုင်ငံကို ငါးစျေးကွက်ကြီး ပြန်လည်ရောက်ရှိလာဖို့ လုပ်ငန်းရှင်တွေလည်း အမျိုးမျိုးကြိုးစားခဲ့ပါတယ်။ အစိုးရအဆက်ဆက်က လျစ်လျူရှုခဲ့ကြတဲ့အတွက် ထိုင်းငါးစျေးကွက်ကြီးက အသက်ရှူချောင်နေပြီး မြန် မာ့ငါးစျေးကွက်ကြီးက အသက်ရှူကျပ်နေခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ်ပိုင်းအတွင်းမှာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံတကာအဆင့်မီ ငါးလေလံစျေးကြီးတစ်ခုကို မြိတ်မြို့မှာ အကောင်အထည်ဖော်နိုင်ဖို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဆောင်ရွက်ပေးလာတာ တွေ့ရပါတယ်။ နိုင်ငံတကာ အဆင့်မီငါးလေလံစျေးကြီးတစ်ခု အကောင်ထည်ဖော်ဖို့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန် ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး ( ၁၅/၂၀၂၁ ) မှာ မှာကြားခဲ့ပါတယ်။ ငါးစျေးကွက် ပြန်လည်ဖော်ဆောင်ဖို့အတွက်လည်း မြိတ်မြို့အထိလာရောက်ပြီး စစ်ဆေး ညွန်ကြားခဲ့ပြီး ဖြစ်ပါတယ်။ လုပ်ငန်းရှင်များ ဘက်က ဆက်လက်အကောင်အထည်ဖော်ဖို့လိုပြီး မြိတ်အများပိုင်ကော်ပိုရေးရှင်းမှ ဒါရိုက်တာတစ်ဦးက အဆိုပါစီမံကိန်းကို ၂၀၂၈ ခုနှစ် အပြီးတည်ဆောက်မယ်လို့ ပြောကြားထားပါတယ်။ စီမံ ကိန်းစတင်နေတဲ့အချိန်မှာ အလုပ်အကိုင်အခွင့်အလမ်း သောင်းနှင့်ချီ ပြီး ဖန်တီးပေးထားနိုင်မှာဖြစ်သလို လုပ်ငန်း လည်ပတ်တဲ့အခါမှာလည်း ငါးစျေးကွက်နဲ့ ဆက်စပ်ပြီး အလုပ်အကိုင်အများအပြားရရှိ ဦးမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ငါးစျေးကွက်ကြီး ပြန်လည်ဖော်ဆောင်နိုင်မည် ဆိုပါက ရေလုပ်ငန်းကဏ္ဍတွေမှာ လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားများ ကိုယ့်နိုင်ငံကိုပြန် လာနိုင်ကြမှာဖြစ်သလို တရားမဝင်နယ်စပ်  ဖြတ်ကျော်ပြီး စွန့်စားသွားလာနေရတဲ့အနေအထားတွေကိုလည်း လျှော့ချသွားနိုင်မှာ ဖြစ်ပါတယ်။ တရားမဝင်လုပ်ငန်းများလည်း လျော့နည်း ပ,ပျောက်သွားမည်ဖြစ်ပါတယ်။ နိုင်ငံတကာအဆင့်မီ ငါးစျေးကွက်ဖော်ဆောင်ရာမှာလည်း လုပ်ငန်းရှင်များအနေဖြင့် အတ္တအစွဲများ ကင်းရှင်းစွာဖြင့် မြန်မာ့မြေကိုငါး စျေးကွက်ကြီး ပြန်လည်ရောက်ရှိဖို့နဲ့ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိဖို့ ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း အကြံပြုပါ ရစေ။


READ NEXT
Cancel OK