Top News

■ လိဂ်ဖလား တတိယအဆင့်နှင့် လာလီဂါ ပွဲစဉ်-၇ ပွဲကြိုသုံးသပ်ချက်
24htopnews | September 17, 2024 11:12 PM CST

◘ မန်ယူ - ဘန်စလေ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၈ ရက် နံနက် ၁:၃၀ နာရီ)

ဆောက်သမ်တန်အသင်းကို (၃)ဂိုးပြတ် အနိုင်ရတဲ့ပွဲ အရန်စာရင်းက ကစားသမားအများအပြားကို အခုလိဂ်ဖလားပွဲမှာ ပွဲထွက်ကစားစေဖို့များတယ်။ ဖလားပွဲတွေဆို မန်ယူအသင်းနည်းပြ တန်ဟက်ဂ်က လုပ်ရည်ကိုင်ရည်ရှိတတ်ပေမဲ့ ပြီးခဲ့တဲ့ရာသီ လိဂ်ဖလားမှာတော့ နယူးကာဆယ်အသင်းကို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးပြီး စတုတ္ထအဆင့်ကနေ လှည့်ပြန်ခဲ့ရတယ်။ ဒါပေမဲ့ အခုကစားရမှာက အိုးလ်ထရက်ဖို့ဒ်ကွင်း ဖြစ်တဲ့အပြင် ပြိုင်ဘက်ကလည်း League One ကလပ်ဖြစ်နေလို့ မှုလောက်စရာတော့ မရှိပါဘူး။ မန်ယူအသင်း (၂)ဂိုးလောက်တော့ ပြတ်လိမ့်မယ်။

◘ အဲဗာတန် - ဆောက်သမ်တန် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၈ ရက် နံနက် ၁:၁၅ နာရီ)

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လေးပွဲစလုံး အရေးနိမ့်ထားတဲ့ အသင်း(၂)သင်း တွေ့ဆုံကြတာပါ။ ရာထူးအတွက် အာမခံချက်ရထားတဲ့ အဲဗာတန်နည်းပြ ရှောင်ဒိုက်အနေနဲ့ ဒီတစ်ပွဲတော့ အနိုင်ရအောင် စွမ်းဆောင်ပြမယ်ထင်တယ်။

◘ စတုတ်စီးတီး - ဖလိဝုဒ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၈ ရက် နံနက် ၁:၀၀ နာရီ)

လိဂ်ချန်ပီယံရှစ်ကလပ် စတုတ်စီးတီးနဲ့ League Two ကလပ် ဖလိဝုဒ်အသင်းအကြား အဆင့်ချင်းကွာခြားပါတယ်။ စတုတ် ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမှာပါ။

◘ ဘရန့်ဖို့ဒ် - လေတန် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၈ ရက် နံနက် ၁:၁၅ နာရီ)

ဘရန့်ဖို့ဒ်အသင်း ပရီးမီးယားလိဂ် အိမ်ကွင်း နှစ်ပွဲစလုံး အနိုင်ရထားပြီး လီဗာပူးလ်၊ မန်စီးတီးတို့ကိုလည်း ခံကစားနိုင်ခဲ့ တယ်။ League One ကလပ်ကို ဘရန့်ဖို့ဒ် ဂိုးပြတ်သွင်းမယ်။

◘ ဘလက်ပူးလ် - ရှက်ဖီးဝင်းစ်ဒေး (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၈ ရက် နံနက် ၁:၁၅ နာရီ)

ဘလက်ပူးလ်က League One ၊ ရှက်ဖီးဝင်းစ်ဒေးက လိဂ်ချန်ပီယံရှစ်မှာ ကစားနေပေမဲ့ နှစ်သင်းအကြား သိပ်မကွာပါဘူး။ ဘလက်ပူးလ်ပဲ ကြိုက်တယ်။

◘ ပရက်စတန် - ဖူလ်ဟမ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၈ ရက် နံနက် ၁:၁၅ နာရီ)

ဖူလ်ဟမ်အသင်းက ပြီးခဲ့တဲ့ရာသီ လိဂ်ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ထိ တက်ရောက်ခဲ့တဲ့အသင်းပါ။ လိဂ်ချန်ပီယံရှစ်ကလပ် ပရက်စတန်က တန်းဆင်းဇုန်နား ကပ်နေတယ်။ ဖူလ်ဟမ်ပဲ အနိုင်ရဖို့များတယ်။

◘ QPR - ခရစ္စတယ်ပဲလေ့စ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၈ ရက် နံနက် ၁:၁၅ နာရီ)

ခရစ္စတယ်ပဲလေ့စ်အသင်းက ပရီးမီးယားလိဂ်မှာ နိုင်ပွဲမရသေးဘဲ အခြေအနေမကောင်းဘူး။ ပဲလေ့စ် အာရုံစိုက်ဖို့မရှိလို့ အိမ်ရှင်ဘက်ကပဲ ရပ်တည်သင့်တယ်။

◘ မာယော့ကာ - ဆိုစီဒက် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၇ ရက် ည ၁၁:၃၀ နာရီ)

နှစ်သင်းစလုံး လာလီဂါ(၅)ပွဲကစားပြီးမှာ တစ်ပွဲစီသာ အနိုင်ရထားပါတယ်။ ဆိုစီဒက်အသင်းရဲ့အခြေအနေက ပိုဆိုးနေတာဖြစ်ပြီး အိမ်ကွင်းမှာကစားတဲ့ (၃)ပွဲစလုံး အရေးနိမ့်ထားခဲ့တယ်။ ဒါပေမဲ့ ဒီရာသီ အဝေးကွင်း(၂)ပွဲမှာ (၄)မှတ် ယူထားတာကိုတော့ သတိပြုရမယ်။ အခုပွဲလည်း ဆိုစီဒက် အနိမ့်ဆုံးသရေကစားလိမ့်မယ်။


READ NEXT
Cancel OK