Top News

အသင်းသို့ ယာဂန်ကလော့ပ် ပြန်ရောက်လာမည်ဟု ဒေါ့မွန်အားကစားဒါရိုက်တာ ဆို
24htopnews | September 17, 2024 7:12 PM CST

ဒေါ့မွန်အသင်း၏ အားကစားဒါရိုက်တာဖြစ်သူ ဆီဘက်စတီယန်ခါးလ်က အသင်းသို့ နည်းပြဟောင်း ယာဂန်ကလော့ပ် ပြန်ရောက်လာမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ယာဂန်ကလော့ပ်(၅၇ နှစ်)သည် လက်ရှိအချိန်တွင် လီဗာပူးလ်အသင်းနှင့် လမ်းခွဲပြီးနောက် အနားယူနေသူဖြစ်သည်။

၎င်းသည် ဒေါ့မွန်အသင်း၏ နည်းပြအဖြစ် (၇)နှစ်ကြာ ဆောင်ရွက်ခဲ့သူဖြစ်ပြီး နည်းပြမဟုတ်သည့် ရာထူးတစ်ခုဖြင့် အသင်းသို့ ပြန်ရောက်လာမည်ဖြစ်ကြောင်း ဆီဘက်စတီယန်ခါးလ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

''ဘာရာထူးနဲ့လဲဆိုတာ မသိပေမဲ့ အသင်းဆီ သူပြန်လာလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်''ဟု ဆီဘက်စတီယန်ခါးလ်က ပြောကြားခဲ့သည်။


READ NEXT
Cancel OK