Top News

ယူရိုပါလိဂ်အုပ်စုပွဲစဉ်(၆) ပွဲကြိုသုံးသပ်ချက်
24htopnews | September 17, 2024 5:13 PM CST

ယူရိုပါလိဂ်ပြိုင်ပွဲ အုပ်စုပွဲစဉ်-၅ အပြီးမှာ နောက်တစ်ဆင့်တက်ခွင့်ရအသင်း (၁၈)သင်းအထိ အမည်စာရင်းထွက်ပေါ်ထားလို့ အခုအုပ်စုနောက်ဆုံးပွဲစဉ်မှာ (၆)နေရာအတွက်သာ ယှဉ်ပြိုင်ရပါလိမ့်မယ်။ ယူရိုပါလိဂ်အုပ်စုတွေမှာ နာပိုလီ၊ ဆိုစီဒက်နဲ့ အယ်လ်ခမာတို့ (၃)သင်း အခွင့်အရေးရှိနေတဲ့ အုပ်စု(F)ကလွဲလို့ ကျန်အုပ်စုတွေမှာတော့ လက်ကျန်တစ်နေရာအတွက် အသင်း(၂)သင်းသာ ယှဉ်လုရဖို့ရှိပါတယ်။ ရိုးမား၊ အာဆင်နယ်၊ ဗီလာရီးယဲလ်၊ ဒိုင်နမိုဇာဂရက် နဲ့ ဟော်ဖန်ဟင်မ်အသင်းတို့ကတော့ အုပ်စုပထမနေရာ သေချာပြီးသားအသင်းတွေပဲဖြစ်ပါတယ် . . . 

နာပိုလီ နှင့် ဆိုစီဒက် (သောကြာနံနက် ၀၀း၂၅ နာရီ)

လက်ရှိအနေအထားအရတော့ ဒီနှစ်သင်းထဲက တစ်သင်း အုပ်စုအဆင့်ကလှည့်ပြန်ရဖို့ သေချာသလောက်ရှိနေပါတယ်။ စပိန်မြေမှာကစားခဲ့တဲ့ ပထမအကျော့မှာ နာပိုလီအသင်း အနိုင်ယူထားပေမဲ့ ယူရိုပါလိဂ်မှာ ကစားနေတဲ့ ခြေစွမ်းနဲ့တော့ သိပ်မျှော်လင့်လို့မရပါဘူး။ နာပိုလီအတွက် နောက်တစ်ဆင့်တက်ဖို့ သရေတစ်မှတ်ပဲလိုတာဖြစ်လို့ အခုပွဲကို ထိန်းကစားသွားနိုင်တယ်။ ဆိုစီဒက်က ထင်ထားသလောက် ရလဒ်တွေ မကောင်းပေမဲ့ အဓိကကစားသမားအများစုကို အသုံးပြုကစားနေတာကို တွေ့ရတယ်။ ဒီပွဲလည်း ဆိုစီဒက် လူစုံရင် အမှတ်ရနိုင်တယ်။

PAOK နှင့် ဂရန်နာဒါ (သောကြာနံနက် ၀၀း၂၅ နာရီ)

ဂရန်နာဒါအသင်း အုပ်စုပထမနေရာရဖို့အတွက် အခုပွဲကို အနိုင်ကစားဖို့ လိုနေသေးတယ်။ PAOK က အိမ်ကွင်းမာပေမဲ့ မျှော်လင့်ချက်မရှိတော့လို့ အားစိုက်ကစားမယ်မထင်ပါဘူး။  ဂရန်နာဒါ အမှတ်ရလိမ့်မယ်။

ဒန်ဒေါ့ခ် နှင့် အာဆင်နယ် (သောကြာနံနက် ၀၀း၂၅ နာရီ)

အာဆင်နယ်အသင်းက ဒီရာသီ ယူရိုပါလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်မှာ တစ်သင်းတည်းသော ရာနှုန်းပြည့်နိုင်တဲ့ အသင်းအဖြစ် မှတ်တမ်းဝင်နိုင်မလား စောင့်ကြည့်ရမယ်။ ဒါပေမဲ့ အဝေးကွင်းမှာ အာဆင်နယ် (၃)ဂိုးလောက် သွင်းမယ်မထင်ဘူး။

လေဗာကူဆင် နှင့် ဆလားဗီးယားပရပ်ဂ် (သောကြာနံနက် ၀၀း၂၅ နာရီ)

အုပ်စုပထမနေရာလုပွဲဖြစ်ပြီး လေဗာကူဆင်က ပထမအကျော့အရေးနိမ့်ထားလို့ Head-to-Head အရ အခုပွဲကို သရေတောင် အကျခံလို့မရပါဘူး။ လေဗာကူဆင်အသင်း ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမှာပါ။

စပါး နှင့် အန့်ဝပ် (သောကြာနံနက် ၂း၃၀ နာရီ)

စပါးအသင်း အုပ်စုပထမနေရာရဖို့အတွက် အန့်ဝပ်ကို မဖြစ်မနေ အနိုင်ကစားဖို့လိုတဲ့အပြင် ပထမအကျော့အရှုံးအတွက် သိက္ခာပြန်ဆယ်ရဦးမှာပါ။ ဒီပွဲပြီးရင် စပါးက ခရစ္စတယ်ပဲလေ့စ်၊ လီဗာပူးလ်၊ လက်စတာအသင်းတွေနဲ့ ပွဲကျပ်ဆက်တိုက်ကစားရဖို့ရှိလို့ အရင်ယူရိုပါလိဂ်ပွဲတွေမှာ အသုံးပြုခဲ့တဲ့ ကစားသမားအများစုနဲ့ပဲ ပွဲထွက်လာဖို့ရှိတယ်။ အန့်ဝပ်ကတော့ ဘယ်လ်ဂျီယံကလပ်တွေထဲမှာ လတ်တလော တိုးတက်မှုအရှိဆုံးအသင်းလို့ ဆိုနိုင်ပေမဲ့ လန်ဒန်မြေမှာ စပါးအသင်းကို ဒုက္ခပေးနိုင်လောက်တဲ့အင်အားမျိုး မရှိပါဘူး။ စပါး ဂိုးပြတ်နိုင်ဖို့များတယ်။

စပါတာပရပ်ဂ် နှင့် အေစီမီလန် (သောကြာနံနက် ၂း၃၀ နာရီ)

ပုံမှန်အတိုင်းဆို ချက်မြေမှာ ကစားရမယ့် ဒီလိုပွဲမျိုးက အေစီမီလန်အသင်းအတွက် ခက်ခက်ခဲခဲကစားရဖို့ရှိပေမဲ့ စပါ တာပရပ်ဂ်က အုပ်စုအဆင့်ကနေ ထွက်ပြီးသားအသင်းဖြစ်လို့ တစ်ပန်းသာနေတယ်။ ဒါပေမဲ့ လိုင်လီကို Head-to-Head မှာ အရေးနိမ့်ထားတဲ့ အေစီမီလန်အသင်း ဒီပွဲ အနိုင်ကစားနိုင်ရင်တောင် ဆဲလ်တစ်-လိုင်လီပွဲအဖြေကို စောင့်ကြည့်ရဦးမှာပါ။ အေစီမီလန်က စီးရီးအေမှာလည်း ပွဲကျပ်သိပ်မရှိတော့လို့  ယူရိုပါလိဂ်ဘက်ကို ဖိဖိစီးစီးကစားဖို့ ရာခိုင်နှုန်းများပါတယ်။ အ မှတ်လိုအပ်ချက်ရှိနေသေးတဲ့ အေစီမီလန်ဘက်ကပဲ ရပ်တည်သင့်တယ်။  

လက်စတာ နှင့် AEK အေသင် (သောကြာနံနက် ၂း၃၀ နာရီ)

လက်စတာအသင်းက နောက်တစ်ဆင့်တက်ရောက်ပြီးသားဖြစ်ပြီး အုပ်စုပထမနေရာအတွက်တော့ အခုပွဲကို အနိုင်ကစားဖို့ လိုအပ်နေသေးတယ်။ လက်စတာက အရန်အများစုကို ပွဲထုတ်ဖို့ရှိတာ ထည့်တွက်သင့်ပေမဲ့ အမှတ်လိုတဲ့အသင်းဖြစ်လို့ အိမ်ရှင်ကို ရွေးချယ်တာပိုကောင်းမယ်။

အခြားပွဲစဉ်များ

ယန်းဘွိုင်းစ်    -    ကလုချ် *

CSKA ဆိုဖီယာ    -    ရိုးမား *

ရက်ပစ်ဝီအန်    -    မိုလ်ဒီ *

* ဟာပိုးဘီအာရှီဗာ    -    နိုက်စ်

စတန်းဒတ်လိဂ်    -    ဘင်ဖီကာ * 

လက်ချ်ပေါ့နန်    -    ရိန်းဂျားစ် * 

PSV    -    အိုမိုနီးယားနီကိုးရှား

ရီယဲလ်ကာ    -    အယ်လ်ခမာ * 

* စပို့တင်းဘရာဂါ    -    ဇော်ယာ

ဆဲလ်တစ်    -    လိုင်လီ * 

မက္ကာဘီတဲလ်အဗစ်    -    ဆီဗက်စပေါ် * 

* ဗီလာရီးယဲလ်    -    ကာရာဘတ်

* လူဒိုဂိုရတ်စ်    -    LASK

ဒိုင်နမိုဇာဂရက်    -    CSKA မော်စကို *

ဝုလ်ဖ်ဘာဂါ    -    ဖီယင်နု * 

* ဟော်ဖန်ဟင်မ်    -    KAA ဂျန့်

* ဆလိုဗန်    -    ဇဗက်ဒါ


READ NEXT
Cancel OK