Top News

၂၀၂၂ ကမ္ဘာ့ဖလားဘောလုံးပွဲများ လက်ခံကျင်းပမည့် Al-Rayyan ကွင်း ဖွင့်ပွဲအခမ်းအနား တက်ရောက်မည်ခွင့်ရမည့်သူထက်ဝက်မှာ COVID-19 ဗိုင်းရပ်စ်ပျောက်ကင်းပြီးသူများဖြစ်ရမည်
24htopnews | September 17, 2024 5:13 PM CST

၂၀၂၀ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘောလုံးပွဲများ လက်ခံကျင်းပမည့်ကွင်း ရှစ်ကွင်းအနက် Al-Rayyan ကွင်း ဖွင့်ပွဲအခမ်းအနားတွင် တက်ရောက်ခွင့်ရမည့်သူများ၏ ရာခိုင်နှုန်း ၅၀ မှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရမှုမှ ပျောက်ကင်းသက်သာလာသူများ ဖြစ်ကြောင်း သိရသည်။

Al-Rayyan ကွင်းသည် ၂၀၂၀ ကမ္ဘာ့ဖလားအတွက် ရည်ရွယ်တည်ဆောက်နေသည့် ကွင်းသစ်များအနက် တတိယမြောက် ပြီးစီးသည့်ကွင်းဖြစ်ပြီး ပရိသတ်ဦးရေပေါင်း ၄၄၇၄၀ ဦး ဝင်ဆံ့သည်။ အဆိုပါ ကွင်းဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၈ ရက်တွင် ပြည်တွင်းဖလားပြိုင်ပွဲတစ်ခုဖြစ်သည့် Emir Cup ဗိုလ်လုပွဲနှင့်အတူ ပြုလုပ်သွားမည်ဖြစ်ပြီး ကွင်းဝင်ဆံ့ဦးရေ၏ထက်ဝက်ပမာဏကို လက်မှတ်ရောင်းချသွားဖွယ် ရှိသည်။ 

ယင်းလက်မှတ်စောင်ရေ၏ထက်ဝက်ကို ဗိုင်းရပ်ကူးစက်ခံရမှုမှ ပြန်ကောင်းလာသူများအတွက် သီးသန့်ထားရှိမည်ဖြစ်ကြောင်း သိရသည်။ " ဗိုင်းရပ်စ်စစ်ဆေးမှုမှာ  Negative သို့မဟုတ် Positive ထွက်တဲ့ ဘယ်သူမဆို ကွင်းအတွင်း ဝင်ရောက်နိုင်ပါတယ်။ သတ်မှတ်ဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကို ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရဖူးသူတွေအတွက် ထားရှိပါလိမ့်မယ်" ဟု ကာတာကျန်းမာရေးဝန်ကြီးဌာနမှ ဒုဝန်ကြီးဖြစ်သူ အဗ္ဗဒူလ်ဝါဟတ်က ပြောကြားခဲ့သည်။ 

လက်မှတ်ဝယ်ယူလိုသူ ပရိသတ်အနေဖြင့် အချက်သုံးချက်နှင့် ကိုက်ညီရမည်ဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကတ်နှင့် ဖုန်းနံပါတ်အပြင် ဗိုင်းရပ်စ်စစ်ဆေးထားသည့် ရလဒ်ကိုပါ ထည့်သွင်းရမည်ဖြစ်သည်။ ထို့ပြင် ယင်းလက်မှတ်ကို အခြားသူတစ်ဦးဦးထံ လွှဲပြောင်းခွင့်မရှိကြောင်း သိရသည်။ ပရိသတ်များအနေဖြင့် ကွင်းအတွင်းရှိနေချိန်၌လည်း အမြဲ Mask တပ်ထားရန်လိုပြီး သတ်မှတ်ထိုင်ခုံတွင်သာ ထိုင်ရမည့်အချက်များလည်း ပါရှိသည်။ 

ကာတာနိုင်ငံ၏အဆင့်အမြင့်ဆုံးလိဂ်ဖြစ်သည့် Qatar Stars League တွင် ပရိသတ် ၃၀ ရာခိုင်နှုန်းအထိ ပြန်လည် ခွင့်ပြုထားကြောင်း သိရသည်။ လူဦးရေပေါင်း ၂ ဒသမ ၇၅ သန်းရှိသည့် ကာတာနိုင်ငံတွင်  ၄၁ ရာခိုင်နှုန်းခန့် ဗိုင်းရပ်စ်ရှိ၊ မရှိ စစ်ဆေးခဲ့ပြီးဖြစ်ပြီး ၁၄၀၀၈၆ ဦး ကူးစက်ခံခဲ့ရသည်။


READ NEXT
Cancel OK