Top News

လေ့ကျင့်ခန်းပြန်ဆင်းသည့် ပုံများကို လူမှုကွန်ရက်စာမျက်နှာ၌ ဗန်ဒိုက် ဖော်ပြ
24htopnews | September 17, 2024 5:12 PM CST

ဒူးဒဏ်ရာခွဲစိတ်မှုကြောင့် ကာလရှည်အနားယူနေရသော လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်သည် ကလပ်အသင်း၌ သူလေ့ကျင့်ခန်းပြန်ဆင်းနေသည့်ပုံများကို လူမှုကွန်ရက်စာမျက်နှာ၌ ဖော်ပြခဲ့ကြောင်း သိရသည်။ 

ဗန်ဒိုက်သည် ယခုနှစ်အောက်တိုဘာလအတွင်းက ကစားခဲ့သော မာဆေးဆိုက်ဒ် ဒါဘီပွဲစဉ် အဲဗာတန်(၂-၂)လီဗာပူးလ်ပွဲတွင် အဲဗာတန် ဂိုးသမား ပစ်ဖို့ဒ်၏ ဘောလုံးဖျက်ထုတ်မှုတစ်ခုကြောင့် ဒူး၌ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး သူ၏ဒဏ်ရာအနေအထားအရ ယခုရာသီတွင် ဘောလုံးပြန်ကစားနိုင်ဖွယ်မရှိဟု တာဝန်ရှိသူများက သတ်မှတ်ထားကြသည်။ 

ယခု သူ လေ့ကျင့်ခန်းပြန်လည်ပြုလုပ်နေသည်ကို တွေ့မြင်ရခြင်းကြောင့် ဒဏ်ရာပြဿနာကြုံ တွေ့နေရသည့်အသင်းအတွက် စိတ်ပူနေကြ သော လီဗာပူးလ်ပရိသတ်များအား အနည်းငယ်စိတ်သက်သာရာရစေကြောင်း  ဗြိတိန်မီ ဒီယာများက ဖော်ပြခဲ့ကြသည်။


READ NEXT
Cancel OK