Top News

ဇန်နဝါရီ ၂၂ ရက်မှစ၍ ဆင်ခြေထောက်ရောဂါ သန်ချဆေး ပေါင်းတိုက်ကျွေးမည်
24htopnews | September 17, 2024 2:12 AM CST

မြန်မာနိုင်ငံတွင် ဆင်ခြေထောက်ရောဂါကင်းစင်ရန် ဆေးတိုက်ကျွေးခြင်းကို ယခု နှစ်ဇန်နဝါရီ ၂၂ မှစတင်၍ တစ်နိုင်ငံလုံး တိုက်ကျွေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့  ဇန်နဝါရီ ၂၂ ရက်ကနေ ၃၁ ရက်အတွင်း ၁၀ ရက်ကို တစ်ပြိုင်နက်တည်း ဆေးတိုက်ကျွေးမယ်။ မြို့နယ်တွေမှာဆို မြို့နယ်ကျန်းမာရေးဦးစီးဌာနရဲ့ဦးဆောင်မှုနဲ့ ရပ်ကွက်တိုင်းကို လိုက်ပြီးတိုက်သွားမယ်။ အဓိကအားဖြင့် ညနေပိုင်းမှာ တိုက်ကျွေးမှာပါ။ ကျောင်းသား ကျောင်းသူတွေဆိုရင်တော့ ကျောင်းတက်နေတဲ့အချိန် ဆရာမတွေနဲ့ ပညာရေးမှူးတွေအကူအညီနဲ့ တိုက်ကျွေးသွားမှာဖြစ်ပါတယ်။ ဒီဆေးတွေက အပြင်မှာဝယ်လည်းမရဘူး။ အူလမ်းကြောင်းမှာရှိတဲ့ သန်ကောင်တွေကို သေတဲ့ သန်ချဆေးကတော့ ဝယ်လို့ရတယ်။ DEC ဆိုတဲ့ဆေးကတော့ ဝယ်လို့မရဘူး။ ဒါကြောင့် တစ်နှစ်မှာ ဒီအချိန်ပဲတိုက်တာကို ယုံယုံကြည်ကြည်သောက်ပေးပါ” ဟု ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး (ရ. ပ.က.န)ဒေါက်တာအေးမွန်မွန်ကျော်က ဆိုသည်။

ဆေးတိုက်ကျွေးရာတွင် ခရိုင်ပေါင်းလေးခရိုင်၊ မြို့နယ်ပေါင်း ၄၄ မြို့နယ်၌ လူဦးရေ ၆၄၃၂၅၁၀ သန်းကို သန်ချဆေးပေါင်း တိုက်ကျွေးမည်ဖြစ်သည်။ ယင်းကဲ့သို့ဆေးတိုက်ကျွေးခြင်းများကို ၂၀၁၃ ခုနှစ်မှစ၍ လုပ်ဆောင်ခဲ့ရာ ခြောက်နှစ်တိုင်ရှိခဲ့ပြီဖြစ်သည်။


READ NEXT
Cancel OK