Top News

ဖမ်းဆီးခံထားရသည့် ရတနာပုံတက္ကသိုလ်ကျောင်းသားများ ပြန်လွှတ်ပေးရေးအတွက် ကျောင်းပေါင်း ၃၀ ကျော်မှ ကျောင်းသားကိုယ်စားလှယ်များ ဆန္ဒပြတောင်းဆို
24htopnews | September 17, 2024 2:12 AM CST

ဖမ်းဆီးခံထားရသည့် ရတနာပုံတက္ကသိုလ်ကျောင်းသားများ ပြန်လွှတ်ပေးရေးအတွက် ကျောင်းပေါင်း ၃၀ ကျော်မှ ကျောင်းသားကိုယ်စားလှယ်များက ဆန္ဒပြတောင်းဆိုမှုကို ဇန်နဝါရီ ၁၁ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) အပါအဝင် ပုဒ်မငါးခုဖြင့် ဖမ်းဆီးပြီး တရားစွဲဆိုခံထားရသော ရတနာပုံတက္ကသိုလ် ကျောင်းသားများအား အမရပူရမြို့နယ် တရားရုံးတွင် ဇန်နဝါရီ ၁၁ ရက်က စတင်ရုံးထုတ်ခဲ့ရာ တက္ကသိုလ်ကောလိပ်ပေါင်း ၃၀ ကျော်မှ ကျောင်းသားကိုယ်စားလှယ်များက လာရောက်ဝန်းရံခဲ့ပြီး ဖမ်းဆီးခံကျောင်းသားများ ပြန်လွှတ်ပေးရေးတွက် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ကျောင်းသားများပြန်လွှတ်ပေးရေးအတွက် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အာဇာနည်ဗိမာန်မှစတင်ထွက်ခွာပြီး ၈၄ လမ်းအတိုင်းလမ်းလျှောက်လာခဲ့ကာ မဟာမုနိ ဘုရားကြီးသို့ ချီတက်ခဲ့ကြောင်း သိရသည်။

လမ်းတစ်လျှောက်တွင် ကျောင်းသားများ ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခြင်း၊ ကျောင်းသားများအနေဖြင့် မိမိတို့ဆန္ဒပြရသည့်အကြောင်းအရာများကို ရှင်းလင်းခြင်း၊ ဖမ်းဆီးခံကျောင်းသားများ အမြန်ဆုံးပြန်လွှတ်ပေးရေး စသည်တို့ ကို တောင်းဆိုခဲ့သည်။

ကျောင်းသားတစ်ဦး လုယက်ဓားထိုးခံရမှုကြောင့် သေဆုံးခဲ့ရခြင်းနှင့်ပတ်သက်၍ မန္တလေးတိုင်းအစိုးရအဖွဲ့၏ စျာပနအခမ်းအနားပုံစံပြုလုပ်ပြီး ဆန္ဒပြခဲ့သည့် ရတနာပုံတက္ကသိုလ်ကျောင်းသားသုံးဦး အပါအဝင် ဖမ်းဆီးခံကျောင်းသားများ ပြန်လွှတ်ပေးရေး တောင်းဆိုခဲ့သည့်ကျောင်းသားများကိုပါ ထပ်မံဖမ်းဆီးခဲ့ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှုပါသော ပုဒ်မငါးခုဖြင့် အမှုဖွင့်ဖမ်းဆီးထားသည်။


READ NEXT
Cancel OK