Top News

မြန်မာနိုင်ငံ ပြည်တွင်းကို ဗဟိုပြု၍ မြေငလျင်ငယ်များ သုံးရက်ဆက်တိုက် လှုပ်ရှားခဲ့ကြောင်း သိရ
24htopnews | September 16, 2024 10:12 PM CST

မြန်မာနိုင်ငံပြည်တွင်းကို ဗဟိုပြု၍ အင်အားအသင့်အတင့်နှင့် အင်အားအနည်းငယ်ရှိ မြေငလျင်များ သုံးရက်ဆက်တိုက် လှုပ်ရှားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

၂၀၁၉ ခုနှစ် မတ် ၁၂ ရက် ၁၃ ရက်နှင့် ၁၄ ရက်များတွင် ယင်းသို့ ငလျင်ငယ်များ ဆက်တိုက်လှုပ်ရှားခဲ့ခြင်းဖြစ်သည်။ မတ် ၁၄ ရက် မြန်မာစံတော်ချိန် ၂၁ နာရီ၊ ၄၇ မိနစ်၊ ၃၃ စက္ကန့်တွင် မြစ်ကြီးနားမြေငလျင် စခန်းမှ အနောက်မြောက်ဘက်မိုင် ၅၀ ခန့် အကွာ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၄ ဒသမ ၂ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ် မတ် ၁၃ ရက် မြန်မာစံတော်ချိန် ၂၀ နာရီ ၁၄ မိနစ် ၄ စက္ကန့်တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် ၃၆ မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကလေးမြို့၏ အနောက်တောင်ဘက် ၁၁ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ချ်တာ စကေး ၅ ဒသမ ၁ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားခဲ့သည်။

ယင်းပြင် မတ် ၁၂ရက် မြန်မာစံတော်ချိန် ၀၃ နာရီ ၄၉ မိနစ်ခန့်က တောင်ငူမြေငလျင်စခန်းမှ အနောက်တောင်ဘက် ၄၅ မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဖြူးမြို့၏ အနောက်တောင်ဘက် ၂၂ မိုင်ခန့်အကွာ အနက် ၁ဝကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၃ ဒသမ ၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း  မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 


READ NEXT
Cancel OK