Top News

News In Brief (16.3.2019)
24htopnews | September 16, 2024 10:12 PM CST

လှိုင်သာယာမြို့နယ်ရှိ ဆောက်လက်စ အဆောက်အအုံ ငါးလွှာမှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့ရာ သေဆုံးသည့် အမျိုးသားမှာ သံလိုင်းတပ်ဆင်ရေးလုပ်ငန်း လုပ်ကိုင်သည့် လှိုင်သာယာမြို့နယ်နေ  ကို.... (၁၈နှစ်) ဆိုသူဖြစ်သည်။ ၎င်းသည် မတ် ၁၄ ရက် ညနေပိုင်းက လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်ရှိ ဆောက်လုပ်ရေးလုပ် ငန်းခွင်တစ်ခု၏ ငါးလွှာတွင် ကြမ်းခင်းစလပ်လောင်းရန် အခင်းသံပြားခင်းနေစဉ် ခြေချော်ပြီး ဓာတ်လှေကားတပ်ဆင်ရန် ပြုလုပ်ထားသည့် အပေါက်မှတစ်ဆင့် အောက်သို့ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်ကို လှိုင်သာယာမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၁၃/၂၀၁၉) ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

လှိုင်သာယာမြို့နယ်တွင် YBS ယာဉ် ဝင်တိုက်သဖြင့် လမ်းဖြတ်ကူးသည့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း မတ် ၁၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။ မတ် ၁၄ ရက် ည ၁၀ နာရီ မိနစ် ၄၀ ခန့်က လှိုင်သာယာမြို့နယ် ရန်ကုန်- ပုသိမ် လမ်းအတိုင်း ထန်းတပင်မြို့နယ်ဘက်မှ ဘုရင့်နောင်ဘက်သို့ သင်္ဃန်းကျွန်းမြို့နယ်နေ ယာဉ်မောင်း ကို.... (၂၆ နှစ်) မောင်းနှင်လာသည့် YBS အမှတ် ၆ ယာဉ်လိုင်းမှ ခရီးသည်တင် ယာဉ်တစ်စီးသည် ဘီအိုစီလမ်းဆုံအရောက် ရန်ကုန် -ညောင်တုန်းလမ်းသို့ ချိုးကွေ့မောင်းနှင်စဉ် လမ်းဖြတ်ကူးသည့် လှိုင်သာယာမြို့နယ်နေ ကို.....(၂၅ နှစ်) အား ဝင်တိုက်မိခဲ့ခြင်း ဖြစ်သည်။ ထိုသို့တိုက်မိခဲ့သဖြင့် ကို.....(၂၅ နှစ်) မှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်းသိရပြီး အဆိုပါဖြစ်စဉ်မှ ယာဉ်မောင်းဖြစ်သူကို သောင်ကြီးနယ်မြေ ရဲစခန်းမှ ယာဉ်(ပ)၁၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ရှမ်းပြည်နယ်တွင်းရှိ ကျန်းမာရေးဌာနများကို မူးယစ်ဆေးစွဲရောဂါကုသရေးသင်တန်းကို တောင်ကြီးဟိုတယ်တွင် မတ်၁၄ ရက်နှင့် ၁၅ ရက်တို့တွင် နှစ်ရက်တာပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါသင်တန်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ မူးယစ်ဆေးစွဲရောဂါကု သရေးနှင့် သုတေသနဌာန စီမံချက်မှ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

တောင်ကြီးမြို့တွင် မျှတသောတရား စီရင်ရေးဆိုင်ရာ စံနှုန်းများ စာအုပ်ကို စတင်မိတ်ဆက်ပေးပြီး ပြည်သူလူထု ကျယ်ကျယ် ပြန့်ပြန့် ပိုမိုသိရှိနိုင်စေရန် မျှဝေပေးသွား မည်ဟု ရှမ်းပြည်နယ် ဥပဒေချုပ်ရုံးထံမှ သတင်း ရရှိသည်။ အဆိုပါ မျှတသော တရားစီရင် ရေးဆိုင်ရာစံနှုန်းများလက်စွဲစာအုပ် မိတ် ဆက်ပွဲအခမ်းအနားကို တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် မတ် ၁၅ ရက်တွင် ပြုလုပ်ခဲ့ ခြင်းဖြစ်ပြီး နေပြည်တော် ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ဌေးဌေးလှိုင်၊ ရှမ်းပြည်နယ်ဥပဒေချုပ်၊ ရှမ်းပြည်နယ်တွင်းရှိ မြို့နယ်အသီးသီးမှ ဥပဒေအရာရှိများ၊ တရားရေးနှင့်သက်ဆိုင်သော မိတ်ဖက်အဖွဲ့အစည်း များနှင့် အရပ်ဘက်အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ဖင်လန်နိုင်ငံမှ BIOKOSKI LTD တို့အကြား စွန့်ပစ်အမှိုက်မှ လျှပ်စစ်နှင့် အပူစွမ်းအင်ထုတ်လုပ် မည့်စီမံကိန်း လုပ်ငန်းအား အကျိုးတူပူးပေါင်း ဆောင်ရွက်မှုအတွက် နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးပွဲကို မတ် ၁၅ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့ရှိ  ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK