Top News

ပရီးမီးယားလိဂ်၏ ဒုတိယဂိုးဖန်တီးမှုအများဆုံးဂိုးသမားအဖြစ် အီဒါဆန် ရပ်တည်လာ
24htopnews | September 16, 2024 6:12 PM CST

မန်စီးတီးဂိုးသမား အီဒါဆန်သည် ပရီးမီးယားလိဂ်၏ ဒုတိယဂိုးဖန်တီးမှုအများဆုံးဂိုးသမားအဖြစ် ပူးတွဲရပ်တည်လာနိုင်ခဲ့ကြောင်း သိရသည်။

အီဒါဆန်သည် ယခုတစ်ပတ် ဘရန့်ဖို့ဒ်နှင့်ပွဲတွင် ဟာလန်း သွင်းယူသည့် ဒုတိယဂိုးကို ဖန်တီးပေးနိုင်ခဲ့သည့်အတွက် ဂိုးဖန်တီးမှု (၄)ကြိမ်ရှိလာခဲ့ပြီး ဒေးဗစ်ဆီးမင်း၊ ရေနာတို့၏ စံချိန်ကို လိုက်မီခဲ့ခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်၏ ဂိုးဖန်တီးမှုအများဆုံးဂိုးသမားအဖြစ် ရပ်တည်နေသူမှာ စပါးဂိုးသမားဟောင်း ပေါလ်ရော်ဘင်ဆင်ဖြစ်ကြောင်း သိရသည်။

အီဒါဆန်၏ ဘရာဇီးလ်လက်ရွေးစင်အသင်းဖော်ဖြစ်သည့် လီဗာပူးလ်ဂိုးသမား အယ်လစ်ဆန်မှာလည်း ပရီးမီးယားလိဂ်တွင် ဂိုးဖန်တီးမှု (၃) ကြိမ် ပြုလုပ်ထားကြောင်း သိရသည်။

 


READ NEXT
Cancel OK