Top News

အာဂျင်တီးနားကို ကမ္ဘာ့ဖလား မရစေလိုဟု ဘရာဇီးလ်ဂန္ထဝင် ရော်နယ်လ်ဒို ဝန်ခံ
24htopnews | September 16, 2024 5:13 PM CST

ဘရာဇီးလ်ဂန္ထဝင်တိုက်စစ်မှူး ရော်နယ်လ်ဒိုက တောင်အမေရိကမဟာပြိုင်ဘက် အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလား မရစေလိုကြောင်း ဝန်ခံပြောကြားခဲ့သည်။

အာဂျင်တီးနားအသင်းသည် ဆီမီးဖိုင်နယ်တွင် ခရိုအေးရှားကိုကျော်ကာ ဗိုလ်လုပွဲသို့ (၆)ကြိမ်မြောက် တက်ရောက်နိုင်ခဲ့သည်။

ကမ္ဘာ့ဖလားတွင် အာဂျင်တီးနားကို ဗိုလ်စွဲစေလိုသလားဟုမေးမြန်းခဲ့ရာ ရော်နယ်လ်ဒိုက ''မက်ဆီအတွက် ကျွန်တော် ပျော်မှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ပြိုင်ဆိုင်မှုကြောင့် အာဂျင်တီးနားကို ကမ္ဘာ့ဖလားရစေချင်တယ်လို့ ပြောရင် ကျွန်တော် ကြောင်သူတော်လုပ်တာပဲ ဖြစ်ပါလိမ့်မယ်''ဟု ဆိုခဲ့သည်။ 

အာဂျင်တီးနားအသင်းသည် ဗိုလ်လုပွဲတွင် လက်ရှိချန်ပီယံပြင်သစ်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။


READ NEXT
Cancel OK