ဘရာဇီးလ်ဂန္ထဝင် ရီဗာလ်ဒိုက မက်ဆီနှင့် ၎င်းတို့၏မဟာပြိုင်ဘက် အာဂျင်တီးနားကို ကမ္ဘာ့ဖလားရစေလိုကြောင်း အံ့အားသင့်ဖွယ်ပြောကြားခဲ့သည်။
ဘရာဇီးလ်အသင်းမှာ ၂၀၂၂ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှထွက်ခွာခဲ့ရပြီး ၎င်းတို့၏ မဟာပြိုင်ဘက် အာဂျင်တီးနားမှာမူ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။
ထို့ကြောင့် ရီဗာလ်ဒိုသည် သူ၏ Instagram တွင် မက်ဆီ၏ပုံကိုတင်ကာ မက်ဆီအား ကမ္ဘာ့ဖလား ရစေလိုကြောင်း ရေးသားခဲ့ခြင်းဖြစ်သည်။
၎င်းက ''ဘရာဇီးလ်နဲ့ နေမာ မရှိတော့ဘူးဆိုတော့ ဗိုလ်လုပွဲမှာ အာဂျင်တီးနားကို ကျွန်တော် အားပေးချင်ပါတယ်။ မက်ဆီအတွက် ဘာမှ ပြောစရာမရှိပါဘူး။ သူဟာ အရင်ကတည်းက ကမ္ဘာ့ဖလားနဲ့ ထိုက်တန်ပြီးသားပါ။ ဒါပေမဲ့ ဘုရားသခင်က အားလုံးကို သိပြီး တနင်္ဂနွေမှာ မင်းကို ဆုပေးလိမ့်မယ်။ မင်းရဲ့ အံ့သြစရာစွမ်းဆောင်မှုတွေအတွက် ဦးညွတ်ပါတယ်။ ဘုရားသခင် ကောင်းချီးပေးပါစေ''ဟု Instagram တွင် ရေးသားခဲ့သည်။
-
ကလောမြို့ပေါ် ရပ်ကွက်(၆)ခုမှ လူဦးရေ (၄၄၀၀)ကျော်အတွက် အလှည့်ကျစနစ်ဖြင့် သောက်သုံးရေများ ပြန်လည် ဖြန့်ဝေပေးနိုင်
-
အမြန်လမ်းတွင် ရေဘေးသင့်ဒေသသို့ သွားရောက်လှူဒါန်းသည့် အလှူကား(၁)စီး တိမ်းမှောက်မှု ထပ်မံဖြစ်ပွား
-
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်လဲကျမှုများ ဆက်တိုက်ဖြစ်ပေါ်
-
ထိုင်းနိုင်ငံတွင် တန်းစီဝယ်ယူခဲ့ရသည့် iPhone 16S ကို ပထမဆုံးဝယ်ယူနိုင်ခဲ့သူမှာ မြန်မာအမျိုးသမီးတစ်ဦးဖြစ်
-
ဒညင်းကုန်းဂေါက်ကွင်းအနီးတွင် လမ်းဘေး၌ရပ်ထားသည့် လိုက်ထရပ်ယာဉ်အား ဘိလပ်မြေယာဉ်မှ တိုက်မိသဖြင့် ခြောက်ဦးဒဏ်ရာရရှိ