Top News

မက်ဆီ ကမ္ဘာ့ဖလားရမည်ဟု အီဘရာဟီမိုဗစ် ခန့်မှန်း
24htopnews | September 16, 2024 5:13 PM CST

အေစီမီလန်အသင်းမှ ဆွီဒင်ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်က ၂၀၂၂ ကာတာကမ္ဘာ့ဖလားတွင် ဗိုလ်စွဲမည့်အသင်းကို သတ်မှတ်ထားပြီးဖြစ်ပြီး မက်ဆီအနေဖြင့် ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုုင်မည်ဟု ခန့်မှန်းခဲ့သည်။

ယခု ကမ္ဘာ့ဖလားတွင် ဘရာဇီးလ်၊ ဂျာမနီ၊ စပိန်နှင့် ဘယ်လ်ဂျီယံတို့မှာ ပြိုင်ပွဲမှ စောစီးထွက်ခွာခဲ့ရသဖြင့် ခန့်မှန်းရပိုမိုလွယ်ကူခဲ့သည်။

ဒူဘိုင်းတွင် အေစီမီလန်အသင်းနှင့် လေ့ကျင့်မှုများ ပြုလုပ်နေသည့် အီဘရာဟီမိုဗစ်အား ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲမည့်အသင်းအား မေးမြန်းခဲ့ရာ ၎င်းက မက်ဆီ၏ အာဂျင်တီးနားအသင်း ဗိုလ်စွဲမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

အီဘရာဟီမိုဗစ်က ''ဘယ်အသင်း ကမ္ဘာ့ဖလားရမယ်ဆိုတာကို ရေးထားပြီးသားလို့ ထင်ပါတယ်။ ကျွန်တော် ဘယ်သူ့ကိုပြောတယ်ဆိုတာ ခင်ဗျားတို့လည်း သိမှာပါ။ မက်ဆီ ကမ္ဘာ့ဖလားချန်ပီယံဆုကို ကိုင်မြှောက်နိုင်မယ်လို့ ထင်ပါတယ်။ ကြိုရေးထားတဲ့ အတိုင်းပေါ့''ဟု ပြောကြားခဲ့သည်။ 

 


READ NEXT
Cancel OK