Top News

■ မက်ဆီသည် အသက်(၅၀)အထိ ကစားနိုင်မည့်သူဖြစ်သည်ဟု မာတီနက်ဇ် ဆို     
24htopnews | September 16, 2024 5:13 PM CST

အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လက်စွမ်းပြနေသည့် ဂိုးသမား အမ်မီလီယာနိုမာတီနက်ဇ်က အသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီသည် အသက်(၅၀)အထိ ကစားနိုင်မည့်သူဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် မက်ဆီက လာမည့်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ၎င်းအတွက် အာဂျင်တီးနားကစားသမားဘဝ နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်လာမည်ဟု ဆိုထားသော်လည်း မာတီနက်ဇ်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အသင်းကို ဆက်လက်ဦးဆောင်ပေးရန်လည်း တိုက်တွန်းခဲ့သည်။

    

မာတီနက်ဇ်က "ကျွန်တော့်အမြင်မှာတော့ သူက အသက်(၅၀)အထိ ကစားနိုင်ပါတယ်။ သူ့ကို သွက်သွက်လက်လက်နဲ့ မြင်တွေ့နေရသလို၊ အရမ်းကောင်းနေတုန်းပဲဆိုတာလည်း တွေ့ရပါတယ်"ဟု FootballersLives.tv နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။ 

ထို့ပြင် လာမည့်ဗိုလ်လုပွဲမှာ မက်ဆီ၏ နောက်ဆုံးကမ္ဘာ့ဖလားပွဲစဉ် ဖြစ်မလာရန် မျှော်လင့်ကြောင်းနှင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ဆက်လက်ဦးဆောင်ပေးစေလိုကြောင်းလည်း ပြောကြားခဲ့သည်။ 

အာဂျင်တီးနားအသင်းမှ အခြားကစားသမားများကလည်း မက်ဆီကို လက်ရွေးစင်အဖြစ်မှ အနားမယူစေလိုသေးကြောင်း သိရသည်။


READ NEXT
Cancel OK