Top News

■ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပမည့်ပုံစံကို ပြန်လည်သုံးသပ်မှု ပြုလုပ်နေ     
24htopnews | September 16, 2024 5:13 PM CST

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပမည့်ပုံစံကို ပြန်လည်သုံးသပ်မှု ပြုလုပ်နေကြောင်း သိရသည်။ 

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အသင်း(၄၈)သင်းဖြင့် တိုးချဲ့ကျင်းပမည့် ပြိုင်ပွဲဖြစ်ပြီး မူလက (၃)သင်းစီပါဝင်သည့် အုပ်စု(၁၆)ခုဖြင့် စတင်ရန် စီစဉ်ထားခြင်းဖြစ်သည်။ 

ယခုအခါ ပရိသတ်များအတွက် စိတ်လှုပ်ရှားစရာပိုဖြစ်စေမည့် ပြိုင်ပွဲပုံစံကို စဉ်းစားနေခြင်းဖြစ်ပြီး (၄)သင်းစီပါဝင်သည့် အုပ်စု(၁၂)ခုဖြင့် ကျင်းပခြင်း သို့မဟုတ် (၄)သင်းစီပါဝင်သည့် အုပ်စု(၆)ခု နှစ်ခြမ်းခွဲကာ တစ်ဖက်မှ အသင်းတစ်သင်းစီ ဗိုလ်လုပွဲတက်ရောက်သည့်ပုံစံ ကျင်းပခြင်း ပြုလုပ်သွားရန် သုံးသပ်ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကနေဒါ၊ မက္ကဆီကိုနှင့် အမေရိကန်နိုင်ငံက ပူးတွဲအိမ်ရှင်အဖြစ် ၂၀၂၆ ခုနှစ် ဇွန်လနှင့် ဇူလိုင်လအတွင်း လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 


READ NEXT
Cancel OK