Top News

■ ဆောက်ဂိတ်အား ထိန်းသိမ်းထားသင့်သည်ဟု FA ကို ဂယ်ရီနဗီးလ်  အကြံပြု     
24htopnews | September 16, 2024 5:13 PM CST

ဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွက်နေသည့် မန်ယူနှင့် အင်္ဂလန်လက်ရွေးစင်နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)အနေဖြင့် နည်းပြ ဆောက်ဂိတ်ကို ကာလရှည်ဆက်ရှိနေရန် ထိန်းသိမ်းထားသင့်သည်ဟု အကြံပြုခဲ့သည်။ 

ဆောက်ဂိတ်၏ စာချုပ်မှာ ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးအထိဖြစ်သော်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မျှော်လင့်ထားသလောက် အောင်မြင်မှုမရရှိသည့်အတွက် ဆောက်ဂိတ်၏အနာဂတ်မှာ မရေမရာဖြစ်နေသည်။ 

ယင်းအတွက် ဂယ်ရီနဗီးလ်က ဆောက်ဂိတ်ကိုလည်း ယူရို-၂၀၂၄ ပြိုင်ပွဲအထိ ဆက်လက်ကိုင်တွယ်သင့်ကြောင်းနှင့် ကလပ်အသင်းလောကသို့ မဝင်ရောက်သင့်သေးကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ဆောက်ဂိတ်သည် အင်္ဂလန်အသင်းကို ၂၀၁၆ ခုနှစ်တွင် စတင်ကိုင်တွယ်ခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားတွင် စတုတ္ထ၊ ယူရို-၂၀၂၀ ပြိုင်ပွဲတွင် ဒုတိယနှင့် ၂၀၂၂ ကမ္ဘာ့ဖလားတွင် ကွာတားဖိုင်နယ်ရောက်အောင် စွမ်းဆောင်ပေးထားသူဖြစ်သည်။ 

 


READ NEXT
Cancel OK