Top News

၃၆ သင်း၊ ၁၈၉ ပွဲနဲ့ ချန်ပီယံလိဂ် အသွင်ပြောင်းချိန်
24htopnews | September 16, 2024 4:12 PM CST

ဒီတစ်ပတ်က ၂၀၂၄-၂၅ ဘောလုံးရာသီအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲ စတင်ဝင်ရောက်လာချိန် ဖြစ်ပါတယ်။ အရင်တုန်းကလိုပဲ အုပ်စုအဆင့် အဖွင့်ပွဲစဉ်တွေ စတင်ယှဉ်ပြိုင်ကစားရမှာဖြစ်ပေမဲ့ ဒီရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲက ပုံစစ်သစ်နဲ့ အသွင်ပြောင်းသွားခဲ့တာကြောင့် ဘောလုံးပရိသတ်တွေအတွက် ပြိုင်ပွဲအသစ်တစ်ခုလို ဖြစ်နေခဲ့ပါတယ်။ သူစိမ်းဆန်လွန်းနေတဲ့ ပြိုင်ပွဲပုံစံအသစ်နဲ့ အသားကျအောင် အချိန်ယူသွားရဦးမလိုလည်း ဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် ၃၂ သင်း ပါဝင်တဲ့ ပြိုင်ပွဲကနေ ၃၆ သင်း ပါဝင်တဲ့ ပြိုင်ပွဲအဖြစ် ပြောင်းလဲလိုက်ပြီး စုစုပေါင်း ၁၂၅ ပွဲ ပြိုင်ဆိုင်ခဲ့ရာက ၁၈၉ ပွဲအထိ မြင့်တက်လာခဲ့တာကြောင့် ပရိသတ်တွေအတွက်တော့ တစ်ဝကြီး ကြည့်ရှုရမယ့် အသွင်ပြောင်းချန်ပီယံလိဂ်လို့ ဆိုရမှာပါ။


READ NEXT
Cancel OK