Top News

ယခု ဘဏ္ဍာနှစ်အတွင်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၈၇၇ သန်းကျော်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ပြောကြား
24htopnews | September 14, 2024 2:12 PM CST

၂၀၁၈ - ၂၀၁၉ ယခုဘဏ္ဍာနှစ်အတွင်း မြန်မာ- အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုမှာ အမေရိကန် ဒေါ်လာ ၈ရရသန်း ကျော်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့ မြို့တော်ခန်းမတွင် ဇန်နဝါရီ ၁၁ ရက်က ကျင်းပသည့် မြန်မာ - အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲနှင့် ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က ယခုဘဏ္ဍာနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှုမှာ အမေရိကန် ဒေါ်လာ ၈ရရသန်း ကျော်ရှိကြောင်း အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ပင်လယ်ရေကြောင်းကုန်သွယ်မှုနှင့် နယ်စပ်ကုန်သွယ်မှုမှာ လက်ရှိ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် စက်တင်ဘာလအထိ ပို့ကုန် အမေရိကန်ဒေါ်လာ ၂၉၂ ဒသမ ၀ ၃၂သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၅၀၈ ဒသမ ၄၀၅ သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၈၀၀ ဒသမ ၄၃ရသန်း ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့ပြီး တမူးနယ်စပ် ကုန်သွယ်ရေးအနေနဲ့ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် စက်တင်ဘာလအထိ ပို့ကုန် အမေရိကန်ဒေါ်လာ ၇၅ ဒသမ ၈၂သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ဝရသန်း၊ စုစုပေါင်း ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၇၇ ဒသမ ၀၂၇ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာပမာဏ ၈၇၇ ဒသမ ၀၂ရသန်း ကုန်သွယ်မှု ပြုလုပ်နိုင်တာကို တွေ့ခဲ့ရပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောကြား သည်။

အိန္ဒိယနိုင်ငံ၏ ကုန်သွယ်မှု တံခါးနှစ်ပေါက်ဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နှင့် ချင်းပြည်နယ် ရိဒ်နယ်စပ် ကုန်သွယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိပြီး မော်တော်ကားလမ်းဖြင့် ကုန်သွယ်မှုများကို ပြုလုပ်နေကြကြောင်း သိရသည်။       


READ NEXT
Cancel OK